westernnews Aung San Suu Kyi
test1

ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူ


Western News – ဇွန်လ၊ ၁၀ ရက်

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရနှင့် ေနပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ၁ ဦး ၊စည်ပင်သာယာရေးကော်မတီဝင် (ဟောင်း) ၁ ဦး၊ မြို့တော်ဝန်(ဟောင်း) ၂ ဦး တို့ကို အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံရေးရာထူးလက်ဝယ်ရှိစဉ်က ရန်ကုန်ဒေသကြီး ဝန်ကြီးချုပ်ဟောင်းထံမှ ရန်ကုန်တိုင်းဒေသရှိ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ထောက်ခံကာကွယ်ပေးရန် ရည်ရွယ်၍ တံစိုးလက်ဆောင်အဖြစ်ပေးသော ကန်ဒေါ်လာ ၆ သိန်းနှင့် အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာ တို့ကို နေအိမ်၌ လက်ခံရယူခဲ့မှု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ထုတ်ပြန်သည်။

ယင်းအပြင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှာဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရုံးချုပ်နှင့် သင်တန်းကျောင်းအတွက် မြေငှားရာတွင် ရာထူးတာဝန်ကိုအသုံးပြု၍ လျော့နည်းသောနှုန်းထားသာကောက်ခံခဲ့ခြင်းများပြုလုပ်ခဲ့မှုတို့ကြောင့် ထိုသို့အမှုဖွင့် ခြင်း ဖြစ်သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည်။

အဆိုပါ အဂတိလိုက်စားမှုတို့ကြောင့် နိုင်ငံတော်အနေဖြင့် ငွေကျပ်သန်း ၁၉ ဘီလီယံကျော်တစ်ကြိမ်၊ ကျပ်သန်း ၅၂၀၀ ကျော်တစ်ကြိမ် နစ်နာဆုံးရှုံ့မှုရှိခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးသည့်အခါတွေ့ရှိရကြောင့် နိုင်ငံပိုင်သတင်းစာ တစ်ခုဖြစ်သည့် မြန်မာ့အလင်းသတင်းစာတွင်ရေးသည်။

၎င်းအပြင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်(ဟောင်း) ဒေါက်တာမျိုးအောင်၊ ဒုတိယ မြို့တော်ဝန်(ဟောင်း) ဦးရဲမင်းဦးနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်(ဟောင်း) ဦးမင်းသူ တို့အား လည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ သင်တန်းကျောင်း စီမံကိန်းအတွက် မြေနေရာလျှောက်ထားရာတွင် လုပ်ထုံးလုပ်နည်းအတိုင်းမဟုတ်ဘဲ စည်းမျဉ်းစည်းကမ်းများအားဖောက်ဖျက်၍ခွင့်ပြုခဲ့ခြင်းကြောင့် အဂတိ လိုက်စားမှုနှင့် အမှုဖွင့်ရခြင်းဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည်။

အဆိုပါအမှုအား ဇွန်လ ၉ ရက်နေ့၌ သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် ပထမတိုင်ကြားချက်ဖွင်းလှစ်၍ တရားစွဲဆို အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Western News- WN
ဓာတ်ပုံ- myanmar state counsellor office

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်