နံသာတောင်ဘကကျောင်း
test1

မောင်တောမြို့နယ်ရှိ နံသာတောင်ပရဟိတကျောင်း၌ ကျောင်းသား ၄၀၀ ကျော်အား အခမဲ့ပညာသင်ကြားပေး


Western News – ဇွန်လ၊ ၁၃ ရက်

ရခိုင်ပြည်နယ် မောင်တောမြို့ နံသာတောင်ကျေးရွာ၌ ဖွင့်လှစ်ထားသော နံသာတောင်ပရဟိတစာသင်ကျောင်းတွင်နှစ်စဉ် ကျောင်းသား၊ ကျောင်းသူပေါင်း ၄၀၀ ကျော်ခေါ်ယူ၍ ပညာဒါနပေးလျှက်ရှိကြောင်းသိရသည်။

အဆိုပါ နံသာတောင်ပရဟိတစာသင်ကျောင်းသည် နွမ်းပါးပြီး ပညာသင်ကြားရန်အခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူများ အားရည်ရွယ်၍ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး စားရေး၊ သောက်ရေး၊ နေထိုင်ရေး စသည်ဖြင့်အစစအရာရာ ကျောင်းမှတာဝန်ယူပေးကြောင်း ၎င်းကျောင်းအားဦးစီးတည်ထောင်သူ နာယကဆရာတော် ဒေါက်တာ စရဏ မှမိန့်သည်။

“ဒီကျောင်းကို ဆင်းရဲနွမ်းပါးပြီး ပညာသင်ဖို့မတတ်နိုင်တဲ့ ကလေးအတွက်ရည်ရွယ်ပြီး တည်ထောင်ခဲ့တာပါ။ နှစ်စဉ် ကျောင်းသား ၄၀၀ ကျော်လက်ခံပါတယ်။ အတန်းအနေနဲ့က ၅ တန်းကနေ ၁၀ တန်းအထိပါ”

ဟုပြောသည်။


ထိုကျောင်း၌ နှစ်စဉ်ပျမ်းမျှ အောင်ချက်ရာခိုင်နှုန်းမှာ ၃၀ ရာခိုင်နှုန်းခန့်ရှိပြီး ၃ ဘာသာ၊ ၂ ဘာသာ၊ ၁ ဘာသာ စသည်ဖြင့် ဂုဏ်ထူးများ ထွက်ရှိကြောင်း ဆရာတော်မှ ဆက်မိန့်သည်။

နံသာတောင်ပရဟိတစာသင်ကျောင်းအား ၂၀၁၂ ခုနှစ်၊ ဇူလှိုင်လ၊ ၇ ရက်နေ့မှစ၍ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကျောင်းအား လာရောက်လျှောက်ထားလိုလျှင် ကိုယ်ရေးရာဇဝင်အကျဉ်းအားတင်ပြ၍လျှောက်ထားနိုင်ကြောင်းသိရသည်။
Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်