Rakhine Covid news
test1

ရခိုင်တွင် ကိုဗစ်ပိုးတွေ့လူနာ ၂၇ ဦးအထိရှိလာနေ


Western News – ဇွန်လ ၁၄ ရက်

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းဖြစ်ပွားနေသည့်အချိန်တွင် ရခိုင်တစ်ပြည်နယ်လုံး၌ ကိုဗစ်ပိုးတွေ့လူနာ ၂၇ ဦး အထိရှိလာနေသည်ဟု ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရသူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လာသူများဖြစ်ကြပြီး လက်ရှိအချိန်တွင် ပိုးတွေ့လူနာ ၂၇ ဦးထဲမှ ၁၆ ဦးမှာကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံးမှဆင်းခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။

ကိုဗစ်ပိုးအသစ်တွေ့တာတော့မရှိဘူး။ မောင်‌တောမှာ ဒုတိယတစ်ကြိမ်စစ်တာမှာ နှစ်ယောက်တွေ့တယ်။ ရခိုင်မှာ အားလုံးပေါင်း ၂၇ ယောက်ကလွဲရင် ကျန်တာတော့မရှိသေးဘူး။ စစ်တွေဆေးရုံးမှာဆေးကုသမှုခံနေတဲ့ လူတွေထဲ က ၁၃ ယောက်ကိုဆေးရုံက ဆင်းခွင့်ပေးလိုက်ပြီ။ ကျန်တဲ့လူတွေလည်းကျန်းမာရေးကောင်းပါတယ်”

ဟု ပြောသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းသို့ ဘင်္ဂလားဒေ့ရှ်မှပြန်လာသည့် အလုပ်သမား ၄၀ ဦးကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့ စစ်ဆေးရာ မေလ ၁၂ ရက်နေ့တွင် ၄ ဦး မေလ ၁၄ ရက်နေ့တွင် ၁ ဦး၊ မေလ ၁၈ ရက်နေ့တွင် ၁ ဦး၊ မေလ ၂၁ နေ့တွင် ၇ ဦးနှင့် ဇွန်လ ၁ ရက်နေ့တွင် ၃ ဦး၊ ဇွန်လ ၈ ရက်နေ့တွင် ၉ ဦးတွေ့ရှိခဲ့သည်။

ယင်းအပြင် မောင်တောမြို့ နယ်သို့ ခိုးဝင်လာသော ဘင်္ဂလာဒေ့ရှ်မှ လူ ၁၉ ဦးကို ကိုဗစ် -၁၉ ပိုးစစ်ဆေးရာ ဇွန်လ ၁၀ ရက်နေ့တွင် ၁ ဦးနှင့် ဇွန်လ ၁၁ ရက်နေ့တွင် ၁ ဦးတွေ့ရှိခဲ့သဖြင့် ရခိုင်ပြည်နယ်တွင် စုစုပေါင်း ၂၇ ဦး၌ ကိုဗစ် ၁၉ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင်ကိုဗစ်၁၉ ဒုတိယလိုင်း စတင်ဖြစ်ပွားခဲ့မှုသည့် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လလယ်မှ ယခုနှစ်ဖေဖော်ဝါရီလ ၂ရက်နေ့အထိ သေဆုံးသူ ၃၇ ဦးရှိပြီး ရောဂါပိုးကူးစက်ခံရသူ ၄၂၆၄ ဦရှိကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။

Western News- WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်