Rakhine rise of covid 19
test1

ကိုဗစ် ဗီဇမျိုးပြောင်းအား ရခိုင်တွင်စစ်ဆေးနိုင်ခြင်း မရှိသေးဟု ပြည်နယ်ကုသရေး ဦးစီးဌာနမှ ပြော


Western News – ဇွန်လ၊ ၂၈ ရက်

ရခိုင်ပြည်နယ်တွင် ယခင်ဖြစ်ပွားခဲ့သည့်ကိုဗစ်မျိုးရိုးလောက်ကိုသာ စစ်ဆေးမှုပြုလုပ်နိုင်ပြီး ကိုဗစ် ဗီဇမျိုးပြောင်းအား စစ်ဆေးနိုင်ခြင်းမရှိ သေးကြောင်း ကိုဗစ်ကိစ္စနှင့်ပတ်သက်၍ ဥပဒေချုပ်ရုံးတွင် ယနေ့ ဇွန်လ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်း လင်းပွဲ၌ ပြည်နယ်ကုသရေးဦးစီးဌာနမှူး မှ ပြောကြားခဲ့သည်။

ကိုဗစ်သံသယလူနာများအား ကိုဗစ်ပိုးရှိမရှိသာစစ်ဆေးနိုင်ပြီး ကိုဗစ် မျိုးဗီဇပြောင်းမျိုးဟုတ်မဟုတ်ကို စစ်၍မရကြောင်း ပြည်နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာကြည်လွင် ကပြောသည်။

“ဗီဇပြောင်း ကိုဗစ်ပိုးဟုတ်မဟုတ်ကိုတော့ စစ်လို့မရပါဘူး၊၊ ကိုဗစ်ပိုး ရှိမရှိလောက်ကိုပဲ စစ်လို့ရပါတယ်။ သံသယရှိတဲ့လူနာတွေကို စစ်တယ်၊၊ စစ်တဲ့အခါမှာလည်း ယခင်ဖြစ်ခဲ့တဲ့ ကိုဗစ်လက္ခဏာတွေနဲ့မကွာပါဘူး”

ဟုဆိုသည်။

ယခင်ထိုးထားသည့်ကိုဗစ်ကာကွယ်ဆေးမှာ ရောဂါပိုး၏ မျိူးဗီဇကိုနှင့် ကိုက်၍ ပြုလုပ်ထားခြင်းဖြစ်ကြောင်း ယခုအခါကို ဗစ်ဗီဇပြောင်းမျိုးများရှိလာပြီဖြစ်၍ ကာကွယ်ဆေးက ထိရောက်မှုမရှိခြင်းဖြစ်ကြောင်း ဒေါက်တာ ကြည်လွင် ကဆက်ပြောသည်။

“ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသား လူ ၂ ယောက်မှာ ကိုဗစ်ပိုးတွေ့ထားတာရှိပါတယ်။ တစ်ကြိမ်ထိုးထားတဲ့ လူတွေမှာလည်း တွေ့တာရှိတယ်။ ယခင်ထိုးတာတဲ့ ကိုဗီရှီးကာကွယ်ဆေးက ပိုးဗီဇပေါ်မူတည်ပြီး ပြုလုပ်ထားတာဖြစ်တဲ့အတွက် ခုဗီဇပြောင်းပိုးတွေ တွေ့လာတော့ ကာကွယ်ဆေးက ထိရောက်မှုမရှိဖြစ်သွားတာ ပါ။ ဒါပေမယ့် ပိုတွေ့သူတွေမှာ ရောဂါလက္ခဏာပြင်းပြင်းထန်ထန် မပြတာတွေက ကာကွယ်ဆေးထိုးတာတွေ ကြောင့်ပါ”

ဟုဆိုသည်။

ကိုဗစ်ဗီဇပြောင်းမျိူးသစ်မှာ ယခင်ကိုဗစ်မျိုးထက် ကူးစက်မှုပိုမြန်ပြီး မြန်မာနိုင်ငံနှင့် အိမ်နီးချင်းဖြစ်သည့် အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် တို့တွင်ကူးစက်မှုများရှိထားပြီး မြန်မာနိုင်ငံတွင်လည်း ၎င်းနိုင်ငံများမှပြန်လာသူများ တွင် ဗီဇမျိုးသစ်အားတွေ့ရှိထားကာ ပျံ့နှံ့ကူးစက်မှုများရှိနေပြီဖြစ်သည်။

ရခိုင်တွင် ယနေ့ ဇွန်လ ၂၈ ရက်နေ့အထိ ကိုဗစ်ပိုးကူးစက်ခံရသူမှာ ၁၁၄ ဦးအထိရှိပြီး ထိုအထဲတွင် ကိုဗစ်ကူးစက် ခံထားကာ ဆီးချိုရောဂါအခံရှိသူ အမျိုးသမီးတစ်ဦး သေဆုံးမှုရှိခဲ့သည်။

Western News- WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်