Sittwe Sat Roe Kya bridge
test1

အောင်တိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စစ်တွေ၌ ဖမ်းဆီးခံရ


Western News – ဇွန်လ ၃၀ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာမှအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးထွန်းမှာ ဇွန်လ ၃၀ ရက် နေ့လည် ၁ နာရီကျော်အချိန်ခန့်တွင် စစ်တွေမြို့၌ ဖမ်းဆီးခေါ်ဆောင်ခြင်းခံလိုက်ရသည်ဟု စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က Western News ကိုအတည်ပြုပြောသည်။

“ ဖမ်းသွားတာတော့ ဟုတ်တယ်။ ဘယ်သူတွေကဖမ်းသွားတယ်ဆိုတာကိုမသိရသေးဘူး။ သူ့ကို ဘယ်နေရာမှာ ဖမ်းသွားတာလည်းဆိုတာကိုတော့ ကျွန်တော်တို့မေးနေတုန်းပဲရှိသေးတယ်”

ဟု ပြောသည်။

ဦးအေးထွန်းမှာ စစ်တွေမြို့ဆတ်ရိုးကျတံတားအနီးရှိ စုပေါင်းရုံးရှေ့ကားလမ်းမထက်၌ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူတစ်ဦးကပြောသည်။

“ဒီနေ့လကုန်နေ့ဆိုတော့ အုပ်ချုပ်ရေးမှူးတွေမှာ လစဉ်ပုံမှန်အစည်းအဝေးရှိတယ်။ အစည်းအဝေးပြီးလို့သူက ရုံးကထွက်တာ။ ထွက်တဲ့အချိန်မှာ လက်နက်ကိုင်ထားတဲ့လူတစ်စုက ဖမ်းခေါ်သွားကြတာဖြစ်တယ်”

ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့တွင်လည်း စစ်တွေမြို့၊ အိုးတန်းရပ်ကွက်ရှိ အိုးတန်းမူလတန်းလွန် စာသင်ကျောင်း ရှေ့တွင် ရခိုင်မျိုးချစ်ပါတီ(APP)၏ ဥက္ကဌဟောင်း ဦးဇော်ဝင်းထွန်းကို လက်နက်ကိုင်ဆောင်ထားသည့်လူ တစ်စုက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်သက်သေများက Western News ကိုပြောသည်။

Western News-WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်