test1

မင်းပြားမြို့နယ် စိတ္တရကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ (၃) ဦးဒဏ်ရာရ


Western News-မိုးဇက်
သြဂုတ် ၁၅ ရက်

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အရှေ့ဖက်တွင်ရှိသော စိတ္တရကျေးရွာအတွင်း နေအိမ်တစ်လုံးသု့ိလက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့၍ ၆ တန်းကျောင်းသားတစ်ဦးအပါအဝင် ကျောင်းဆရာတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု လွှတ်တော်ကိုယ် စားလှယ်များနှင့် ဒေသခံများမှ Western News သို့ပြောသည်။

စိတ္တရကျေးရွာနှင့် နှစ်ဖာလုံလောက်သာ ကွာဝေးသော မင်းပုန်းတောင်ထိပ် တပ်မတော်တပ်စခန်းမှ လက်နက်ကြီးများဖြင့် သြဂုတ်လ ၁၅ ရက်နေ ယနေ့မနက်ပိုင်း ၆ နာရီခန့်က လက်နက်ကြီးများဖြင့်ပစ်ခတ်သောကြောင့် သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် နေအိမ်မှ ဦးငမဲက ပြောဆိုသည်။

“ဒီကနေ့ မနက်ပိုင်းက ၆ နာရီလောက်ကဖြစ်မယ်။ ကျနော့်ရွာနဲ့ နှစ်ဖာလုံလောက်ဝေးတဲ့ မင်းပုန်းတောင်တပ်မတော်တပ်စခန်းက တပ်စွဲထားတဲ့ နေရာကနေ လှမ်းပစ်ခတ်လိုက်တာ၊ ရွာအပြင်ကိုတစ်လုံးကျတယ်။ ပြီးတော့ ကျနော့်နေအိမ်ကိုတစ်လုံးကျတယ်။ အဲ့ဒီမှာ ၆ တန်း ကလေးတစ်ယောက်ရယ်၊ ပြီးတော့ ကျောင်းဆရာတစ်ယောက်ဒဏ်ရာရတယ်။ ပြီးတော့ အမျိုးသားတစ်ယောက်ဒဏ်ရတယ်။

ယခုကဲ့သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လိုက်သောကြောင့် ဦးငမဲ၏ နေအိမ် တစ်ခြမ်းပျက်စီးသွားပြီး ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချနေသော သူအမေနေအိမ်တွင်လည်း ကုန်ပစ္စည်းများလည်း အားလုံးပျက်စီးဆုံးရှုံးသွားသည်ဟု ဦးငမဲလုံးကပြောဆိုသည်။

ဒဏ်ရာရှိသူများမှာ စိတ္တရကျေးရွာမှ မောင်ငလုံးချေ အသက် ၁၃ နှစ်၊ ညာဖက်တင်တွင်လက်နက်ကြီးကျည်ထိမှန်၊ ကိုအေးမြတ်နိုင် အသက် ၂၃ နှစ်၊ ကျောင်းဆရာတွင် ညာဖက်နားရွာက်တွင်ထိမှန်ခဲ့ပြီး ဦးမောင်တင်လှ ၆၇ နှစ်၊ ဘယ်ဖက်နားရွက်တွင် ဒဏ်ရာအသီး သီးရရှိခဲ့ကြသည်ဟုသိရသည်။

“မင်းပြားမြို့နယ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးလှသိန်းအောင်က” ရွာနဲ့မနီးမဝေးကရှိတဲ့ မင်းပုန်းတောင်ကနေ လက်နက်ကြီးနဲ့ ရွာ ဖက်ကိုလှမ်းပစ်တာပါ။ ၃ ယောက်ဒဏ်ရာရတယ်။ ဒဏ်ရာကတော့ သိပ်မပြင်းဘူး။ အခုလည်းပစ်နေတယ်။ ကျနော်တို့ မင်းပြားကျိန်း တောင်ထက်က တပ်မတော်တပ်စခန်းကနေလည်းပစ်ခတ်နေတယ်။

စိတ္တရာကျေးရွာအနီး၊ မင်းပုန်းတောင်ထိပ် လက်နက်ကြီးများဖြင့် မပစ်ခတ်ခင်တွင် ပေါက်ကွဲသံ နှစ်ချက်ခန့်ကြားရပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ မင်းပုန်းတောင်ဖက်က လက်နက်ကြီးများဖြင့် ကျေးရွာဖက်သို့ လှမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည် စိတ္တရ ကျေးရွာသားများက Western News သို့ပြောဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သို့ Western News မှ ဖုန်းဆက်သွယ်ခဲ့ရာတွင် ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

Western News-WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်