စစ်တွေ ကျောင်းသားများ အမှု
test1

ရခိုင်မှ ကျောင်းသား ၄ ဦးအမှုအား စွဲချက်တင်သင့်မတင် သင့်လျှောက်လဲမည်


Western News ဇူလိုင် ၂ ရက်

ရခိုင်ပြည်နယ် အတွင်းတပ်မတော်မှ လူအခွင်းရေးချိုးဖော်မှုနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြ၍ ဖမ်းဆီးခံခဲ့ရသော ကျောင်းသား ၄ ဦးအမှုအား လာမည့်ဇူလိုင် ၁၆ ရက်နေ့တွင် စွဲချက်တင်သင့်မတင်သင့် လျှောက်လဲချက်ပေးမည်ဖြစ်ကြောင်း အမှုလိုက်ပါ ဆောင်ရွက်နေ့သည့်ရှေ့နေကပြောသည်။

အဆိုပါ ကျောင်းသား ၄ ဦးအမှုတွင် တရားလို ၂ ဦးရှိပြီး လိုပြသက်သေ ၁၂ ဦးရှိကာ ယနေ့ဇူလိုင်လ ၂ ရက်နေ့တွင် နောက်ဆုံး လိုပြသက်သေ တစ်ဦးဖြစ်သော အမှုစစ်အရာရှိအား စစ်ဆေးပြီးဖြစ်သောကြောင်း စွဲချက်တင်သင့်မတင်သင့်လျှောက်လဲမည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေဦးလှသိန်းအောင်ကပြောသည်။

“ဒီနေ့တော့ကျန်ရှိနေတဲ့ အမှုစစ်အရာရှိ ရဲအုပ်တင်လင်းမောင်ကိုစစ်ပါတယ်။ သဘာဝဘေးစီမံ အမှုမှာပါ။ ဒီနေ့တော့သက်သေအားလုံး စစ်ပြီးပါပြီ။ ၁၆ ရက်နေ့တွင် စွဲချက်တင်သင့်မတင်သင့်လျှောက်လဲချက်ပြုလုပ်ရမှာပါ”

သူကပြောသည်။ ယနေ့တွင် ကျောင်းသားများအား ကိုဗစ်စည်းမျဉ်းများကြောင်း ရုံးထုတ်နိုင်ခြင်းမရှိဟုသူ ကဆက်ပြောသည်။

ယင်းဆန္ဒပြမှုကြောင့် စစ်တွေမြို့နယ်ရဲစခန်းမှ ရဲမှူးဦးဇော်နိုင်မှ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) နှင့် တရားစွဲဆိုထားသလို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ဇံဝေမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ၂၉ စသည့်ပုဒ်မနှစ်ခုဖြင့်တရားစွဲဆိုထားခြင်းဖြစ်သည်။

အဆိုပါကျောင်းသားလေးဦးမှာ ပြီးခဲ့သည့် ၂၀၂၀-ခုနှစ် အောက်တိုဘာလ ၁၉ ရက်ကစစ်တွေမြို့ပေါ်၌ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government၊ No Murder Army၊ ဖက်ဆစ်စစ်တပ်အလိုမရှိ၊ Burmese Government Get Out၊ Burmese Army Get Out စသည့်ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

အဆိုပါကျောင်းသား ၄ ဦးမှာ စစ်တွေကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံကိုကျော်နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားများသမဂ္ဂမှ ကိုကောင်းထွန်းတို့ ဖြစ်သည်။

ပြီးခဲ့သည့်၂၀၂၀ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်မှုကြောင့် ဆန္ဒထုတ်ဖော်ခဲ့ကြသော ကျောင်းသား ၃ ဦးအား စစ်တွေမြို့နယ် အမှတ်(၁)ရဲစခန်းမှ ရဲမှူးဇော်နိုင်က ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့်တရားလိုလုပ်ကာတရားစွဲဆိုခဲ့သည်။

အဆိုပါအမှုအတွက် ပြီးခဲ့သည့် မေလ ၆ ရက်နေ့က စစ်တွေခရိုင်တရား ရုံးက ဒဏ်ငွေ နှစ်သောင်းကျပ် ချမှတ်ခဲ့သည်။

လက်ရှိ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပုဒ်မ ၂၉ ဖြင့်တရား ရင်ဆိုင်နေရသည့်ကျောင်းသားလေးဦးမှာ အကျဉ်းထောင်တွင်နေရသည်မှာ ၈ လကျော်ထိကြာမြင့်နေပြီဖြစ်သည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်