လွှတ်တော်သတင်း
test1

ရခိုင်တွင်အမည်စာရင်းတင်သွင်းသည့် ကိုယ်စားလှယ်လောင်း ၅ ဦးပယ်ချခံရ ၁ ဦးအယူခံတင်ထား


Western News- အောင်စိုး
သြဂုတ် ၁၈ ရက်

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်း ၃၈၆ ဦးရှိပြီးယင်းအထဲမှ ကိုယ်စားလှယ်လောင်း ၅ ဦးမှာဥပဒေနှင့်မကိုက်ညီသဖြင့်ပယ်ချခံရကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကပြောသည်။


အဆိုပါပယ်ချခံရသည့်ကိုယ်စားလှယ်လောင်း ၅ ဦးမှာ စစ်တွေခရိုင်မှှ ၁ ဦးနှင့် မောင်တောခရိုင်မှ ၄ ဦးဖြစ်ပြီး၊ ယခုအချိန်ထိပယ်ချခံရသူများထဲမှ အယူခံတင်သွင်းသူမှာ စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာက ဝင်ရောက်ယှယ်ပြိုင်မည့်် ဒီမိုကရေစီနှင့် လူ့အခွင့်ရေးပါတီ မှ အဒူရော်ရှိ တစ်ဦးသာရှိသေးကြောင်းပြည်နယ် ရွေးကော်မရှင်အဖွဲ့ခွဲက အတွင်းရေးမှူးဦးသူရိန်ထွဋ်ကပြောသည်။

ကိုယ်စားလှယ်လောင်းတွေစီစစ်ရွေးချယ်တာမနေ့ကသြဂုတ်လ ၁၇ ရက်နေ့ကပြီးတယ်။ကို်ယ်စားလှယ်လောင်း ၅ ဦးကတော့ပယ်ချခံရတယ်။ကိုယ်စားလှယ်လောင်းစုစုပေါင်းက ၃၆၈ ဦးရှိတယ်။ပယ်ချခံရတဲ့အထဲက အဒူရော်ရှိ ကတော့လောလောဆယ်အယူခံတင်ထားတယ်

ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးမှပယ်ချခံရသည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ၇ ရက်အတွင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်သို့ အယူခံတင်သွင်းနိုင်ပြီး အချက်အလက်များပြည့်စုံမှန်ကန်ကာ ဥပဒေနှင်ညီပါက အလိုအလျှောက်ရွေးကောက်ပွဲဝင်ခွင့်ရှိကြောင်းလည်းသိရသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းမှုမှာအမျိုးသားလွှတ်တော််နေရာမှဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်း ၆၆ ဦး၊ ပြည်သူ့လွှတ်တော်နေရာမှဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်း ၁၀၃ ဦး၊ ပြည်နယ်လွှတ်တော်နေရာမှဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်း ၂၀၈ ဦး၊ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာ ၉ ဦးအထိရှိသည်။

Western News-WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်