Tainnyo
test1

ဒုက္ခသည် ၃၀၀၀ ကျော်ရှိသော တိမ်ညိုစစ်ဘေးရှောင်စခန်း အစိုးရထောက်ပံ့မှုမရရှိသဖြင့် ဆန်ရိက္ခာပြတ်တောက်


Western News -အောင်စိုး
သြဂုတ် ၁၈ ရက်

ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် အစိုးရဘက်ကထောက်ပံ့မှုမရရှိသဖြင့် ဆန်ရိက္ခာပြတ်တောက်ကာ စစ်ဘေးရှောင်များ စားစရာဆန်မရှိဖြစ်နေကြောင်း စခန်းတာဝန်ခံများက Western News သို့ယနေ့ပြောသည်။

ရက်သတ္တပတ်ကြာရိက္ခာပြတ်တောက်နေသဖြင့် မြန်မာနို်င်ငံကြက်ခြေနီအသင်းနှင့် သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူများထံကို တင်ပြထားသော်လည်း ၄င်းအဖွဲ့အစည်းများက ပြည်နယ်မှခွင့်ပြုချက်မရရှိသဖြင့် ကူညီပေးရန်အခက်အခဲရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု စခန်းတာဝန်ခံဦးဝေလှအောင်ကပြောသည်။

ကျွန်တော်တို့စခန်းမှာရိက္ခာပြတ်တာက တစ်ပတ်လောက်ရှိနေပြီ။ တစ်ချို့သူတွေဆိုရင် လက်ကျန် လေးတွေနဲ့စား သောက်နေ ရတယ်။ အဓိကတော့ ဆန်ကလုံးဝပြတ်သွားတာ။ ဆန်အကုန်လုံးပြတ်သွားတဲ့သူတွေဆိုရင် တိမ်ညိုရွာထဲကိုဝင်ပြီးတော့ အကူ အညီတောင်း ပြီးစားနေရတယ်။ အစိုးရဆီကနေထောက်ပံ့မှုမရှိတာ လည်းတစ်ပတ်ကျော်ရှိပြီ။ ICRC ကတော့ လတိုင်းပုံမှန် ထောက်ပံ့ပေးတယ်။ သူတို့အတွက် ICRC တစ်ခုတည်းနဲ့ စားနပ်ရိက္ခာမလုံလောက်ဘူး

ဆန်ပြတ်တောက်နေမှုမှာ ရက်သတ္တပတ်ကျော်ရှိပြီ်ဖြစ်သလို ဆက်လက်၍သ ာရက်ကြာရှည်မည်ဆိုပါက စခန်းအတွင်းနေထိုင်သူများ၏ စားသောက်ရေးမှာဆိုးရွားလာနိုင်ကြောင်းလည်းစခန်းတာဝန်ခံများ Western News သို့ပြောဆိုကြသည်။

ဆန်ရိက္ခာပြတ်တောက်သွားသည့်ဖြစ်စဉ်နှင့်ပတ်သတ်၍ ရခိုင်ပြည်နယ်၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်သို့ Western News က “ မေးမြန်းရာတွင် “ဒီလိုအခြေအနေဆိုရင်တော့ ကျွန်တော်တို့က မြို့နယ်တွေကိုမေးကြည့်ရမယ်။ မြို့နယ်တွေကတော့ ပုံမှန်ထောက်ပံ့နေ တယ်လို့သိရတယ်။ ဒီလိုဆန်ရိက္ခာတွေပြတ်တောက်နေတယ်ဆိုတာကို အခုမှသိရတယ်။ မြို့နယ်ကိုသေချာမေးကြည့်မှသိရမယ်”ဟုပြောသည်။

တိမ်ညိုစစ်ဘေးရှောင်ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၈၅၄ စု၊ လူဦးရေ ၃၂၅၀ ဦးရှိကြောင်းသိရသည်။

Western News


ဆက်စပ်စကားလုံများ : #စစ်ဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်