အမ်းမြို့နယ် အရပ်သားတစ်ဦးပေါင်ကျိုး
test1

အမ်းမြို့နယ်တွင် အရပ်သားတစ်ဦးကျည်ထိမှန်၍ ဘယ်ဖက်ပေါင်ရိုးကျိုးသွား


Western News -အောင်စိုး
သြဂုတ် ၂၀ ရက်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ကျေးရွာအုပ်စု၊ ကွေ့ရှည်ကျေးရွာမှ ကျေးရွာသားတစ်ဦးကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များကပြောသည်။

သြဂုတ် ၁၉ ရက်နေ့ ညနေပိုင်း ၈ နာရီအချိန်ခန့်တွင် ကွေ့ရှည်ကျေးရွာအနီးသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့်ကျေးရွားသားတစ်ချို့က ဘေးလွတ်ရာသို့ကြောက်လန့်ထွက်ပြေးခဲ့ကြသည်။

ယင်းသို့ကျေးရွာသားများက နီးစပ်ရာကမ်းထောင်ကြီးကျေးရွာကယ်ဆယ်ရေးစခန်းသို့ မော်တော်စက်လှေဖြင့်သွားစဉ်တွင် ကဇုကိုင်းတံတားဂိတ်မှ သေနတ်နှင့်လှမ်းပစ်လိုက်သည်ဟု လူမှုကူညီရေးဆောက်ရွက်ပေးနေသူ ကိုမျိုးလွင်ကပြောသည်။



ရွာသားတွေက ရွာအနီးကိုလက်နက်ကြီးတွေကျရောက်ပေါက်ကွဲလို့ ရွာမှာမနေရဲတော့လို့ စက်လှေနဲ့ ကမ်းထောင်ကြီးကယ်ဆယ်ရေးစခန်းကိုထွက်ပြေးကြတယ်။ ကမ်းထောင်ကြီးကို သွားတဲ့လမ်းမှာ ကဇုကိုင်းတံတားကိုဖြတ်ရတယ်။ သူတို့ကတံတားအနီးကိုရောက်တဲ့အခါ စက်ကိုပိတ်ပြီးတော့သွားတယ်။ အဲဒီအချိန်မှာ လုံခြုံရေးလုပ်နေတဲ့တပ်မတော်သားတွေက သေနတ်နဲ့ပစ်လိုက်လို့ ကျည်ထိမှန်သွားတာပါ

ကျည်ဆံထိမှန်သွားသူမှာ ဦးမိုးအောင် (၄၈)နှစ်၊ဘယ်ဖက်ပေါင်ထိမှန်ပြီး ပေါင်ရိုးကျိုးသွားသဖြင့် ကမ်းထောင်ကြီးဆေးရုံ၌ ဆေးကုသမှုခံယူရာကနေ စစ်တွေဆေးရုံသို့ ယနေ့ နေ့လယ်ပိုင်းတွင်အရေးပေါ်ပို့ဆောင်လိုက်ရသည်ဟု မိသားစုဝင်တစ်ဦးက Western News သို့ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူရဲ့မိသားစုဝင်တစ်ဦးက တစ်ယာက်က စိုးရိမ်ရတယ်။ သူကပေါင်ကျိုးသွားတာပါ။ စိုးရိမ်ရတဲ့တစ်ယောက်ကစစ်တွေပို့လိုက်ပါတယ်။ နောက်တစ်ယောက်ကတော့ ဘယ်ဖက်တင်ပါးမှာ ထိသွားတယ်။ သူကတော့ သိပ်တော့မစိုးရိမ်ရဘူး။




Western News- WN


ဆက်စပ်စကားလုံများ : #စစ်ဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်