ကျောက်တော်ကိုဗစ်သတင်း
test1

စစ်တွေမှပြန်လာသည့် ကျောက်တော်ဒေသခံများကိုမြို့နယ်အတွင်း Quarantine ထားရှိမည်


Western News – အောင်စိုး
သြဂုတ် ၂၁ ရက်

စစ်တွေမြို့မှပြန်လာသည့် ကျောက်တော်ဒေသခံများကို မြို့နယ်အတွင်း Quarantine ထားရှိမည် ဖြစ်ကြောင်း ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူးက Western News သို့ပြောသည်။

စစ်တွေက ကျောက်တော်ကိုပြန်လာတဲ့ဒေသခံတွေကို ကျောက်တော်မြို့ပေါ်မှာ Quarantineထားဖို့ပြင်ဆင်နေတယ်။Facility Qurantine ထားမှာလား၊Home Quarantine ထားလားတော့မသိသေးဘူး။အစည်းဝေးလုပ် ပြီးတဲ့အချိန်မှာတော့သိရမယ်။ညွှန်ကြားချက်မှာတော့၊ Home Quarantineလို့ပါတယ်

ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှုးဦးကျော်ဝင်းကပြောသည်။


စစ်တွေကပြန်လာသည့်ဒေသခံများကို ကျောက်တော်မြို့တိုင်းရင်းဆေးရုံနေရာနှင့်အားကစားကွင်း၌ Quarantine ထားမည်ဖြစ်ကြောင်း ၊ ကျောက်တော်မြို့တွင်းမှ အဝင်၊ အထွက်လုပ်မည်ဆိုပါက မြို့မိ၊ မြို့ဖများထံသို့ အကြောင်းကြားပြီး ခွင့်ပြုချက်ဖြင့်သွားလာရမည်ဖြစ်သည်ဟု ကျောက်တော်နှလုံးလှဒါန သွေးအလှူရှင်များအသင်း၊ အတွင်းရေးမှူး ကိုစိုးမြင့်ကပြောသည်။

ဒီနေ့နံနက်ပိုင်းကစပြီးတော့ ကျွန်တော်တို့က စစ်တွေကပြန်လာတဲ့ကားတွေကို ကျောက်တော် မြို့ကိုအဝင်မခံဘဲနဲ့ရပ်ခိုင်းပြီးတော့ လူတွေကို Quarantine သွင်းတယ်။ မြို့အတွင်းမှ မြို့ပြင်ကိုအဝင် အထွက်လုပ်မယ်ဆိုရင်သက်ဆိုင်ရာအဖွဲ့အစည်းတွေကခွင့်ပြုမှသွားရမယ်ဖြစ်တယ်

ကျောက်တော်နှလုံးလှဒါန သွေးအလှူရှင်များအသင်း၊ အတွင်းရေးမှူး ကိုစိုးမြင့်ကပြောသည်။

စစ်တွေမြို့ပေါ်၌ ကိုဗစ်ပိုးတွေ့လူနာများကိုတွေ့ရှိနေရသဖြင့် ၎င်းမြို့မှပြန်လာသည့်ဒေသခံများကိုရောဂါ ပိုးပါလာမည်ကို စိုးရိမ်နေရပြီး၊မိမိတို့မြို့ပေါ်၌လည်းကိုဗစ်နှင့်ပတ်သတ်ပြီးစည်းကမ်းတကျနေထိုင်မှုမရှိ၍ တစ်ယောက်ယောက်က၎င်း ရောဂါဖြစ်လာမည်ဆိုပါက ဒေသခံအများအပြားသို့ကူးစက်သွားနိုင်ကြောင်း ကျောက်တော်မြို့ခံကိုသန်းထူး ကပြောသည်။

စစ်တွေကလာတဲ့လူတွေဆိုရင် ရောဂါပိုးပါလာမှာကို စိတ်မလုံခြုံမှုတွေဖြစ်တယ်။ပြီးတော့ဒီမှာကလည်း ရောဂါနဲ့ပတ်သတ်တဲ့စည်းကမ်းတွေကိုလိုက်နာမှုတွေအားနည်းတာကိုတွေ့ရတယ်။ စည်းကမ်းလိုက်နာမှုအား နည်းတဲ့အတွက်ကြောင်း တစ်ယောက်ယောက်ကရောဂါဖြစ်လာလို့ရှိရင် တခြားလူတွေဆီကိုလည်းကူးစက်သွား နိုင်တယ်

ကျောက်တော်မြို့ခံကိုသန်းထူး

ရခိုင်ပြည်နယ်၌ ကိုဗစ် -၁၉ ပိုးတွေ့ရှိသူ စုစုပေါင်း ၁၉ ဦးရှိလာနေပြီး၊၎င်းတို့အထဲ စစ်တွေမြို့မှ ၁၈ ဦးနှင့် မြောက်ဦးမြို့မှ ၁ ဦးဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သြဂုတ် ၂၁ ရက်နေ့က ထုတ်ပြန်သည်။

Western News-WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်