test1

တောင်ကုတ်စည်ပင် ဥက္ကဌအပါအဝင် ၄ ဦးအား ရုံးထုတ်၊ ၉ ကြိမ်တိုင် ရုံးချိန်းပျက်ကွက်ခဲ့သည့် တရားလိုသက်သေများရောက်ရှိ


Western News –
ခင်သီတာဒီဇင်ဘာ ၁၅ ရက်

အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့စည်ပင် ကော်မတီဥက္ကဌ ဦးဇေယျကျော်အပါအဝင် ၄ ဦးတို့ကို ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က တောင်ကုတ် မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

အကြမ်းဖက်မှုဖြင့်တရားစွဲဖမ်းဆီးခံရသူ ၄ ဦးတို့မှာ ဦးဇေယျကျော် (တောင်ကုတ်မြို့နယ် စည်ပင် ကော်မတီက ဥက္ကဌ)၊ ဦးဝေသောင်း (ရခိုင် အမျိုးသားပါတီ ဒု-ဥက္ကဌ)၊ ဦးစန်းငွေ (မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌဟောင်း ) နှင့် ဦးဇေယျကျော်၏ညီဖြစ်သူ ဦးစည်သူကျော်ဇံဖြစ်သည်။


ယခင် ရုံးချိန်းတွင် ၉ ကြိမ်တိုင် တရားလိုသက်သေများ ရုံးချိန်းပျက်ခဲ့ပြီး ယနေ့ ရုံးထုတ်တွင် တရားလိုသက်သေ ၄ ဦးအနက် သံတွဲ အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အမှတ်(၄) ရပ်ကွက်အပါဝင် သံတွဲစခန်းမှူး ၁ ဦးကိုစစ်ဆေးခဲ့ကြောင်း အမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေသူ ဒေါ်သင်္ဂီမောင်က Western News ကိုပြောသည်။

ဒီနေ့ရုံးချိန်က တရားလိုပြသက်သေစစ်တဲ့ရုံးချိန်းဖြစ်တယ်။ ဒီနေ့ကတော့ ၄ ယောက်စလုံးရောက်တယ်။ နောက်ဆုံးသက်သေက ဒီ ၄ ယောက်ပဲကျန်တော့တာလေ။ ရှာဖွေသက်သေရယ်၊ အရပ်ဖက်သက်သေနဲ့ သံတွဲစခန်းမှုးတို့ ကို စစ်ဆေးတာပေါနော်

ဒေါ်သင်္ဂီမောင်


တရားလိုသက်သေ ၄ ဦးအနက် ကျန်တစ်ဦးဖြစ်သည့် တောင်ကုတ်စခန်းမှူး လှတင့်ကို လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စစ်ဆေးသွားမည်ဟု ၎င်းကဆက်ပြောသည်။

ယခုကဲ့သို့ တရားလိုသက်သေများမရောက်လာသည့်အတွက် စွပ်စွဲဖမ်းဆီခံရသူများအနေဖြင့် များစွာဆုံးရှုံးနစ်နာမှုများရှိပြီး နောက်ဆုံး ကျန်ရှိနေသည့်တောင်ကုတ်မြို့ရဲစခန်းကစခန်းတစ်ဦးစစ်ဆေးပြီးရင် စွဲချက်တင်သင့်မတင်သင့်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်းရှေ့နေ ဒေါ်သင်္ဂီမောင်က Western News ကိုပြောသည်။




တောင်ကုတ်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဇေယျကျော်နှင့် ဦးစန်းငွေတို့ကို တောင်ကုတ်မြို့ နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်းအပါအဝင် ရခိုင်ပြည်နယ်လုံးဆိုင်ရာ ဗဟိုသတင်း၊ တောင်ကုတ်ဟစ်တိုင်၊ တောင်ကုတ်မြို့ဗဟို သတင်းဌာနစသည့် လူမှုကွန်ရက်အကောင့်များဖြင့် မဟုတ်မမှန် သတင်းများ အဆက်မပြတ်တင်ပြနေသည့်ဟုဆိုကာ ပြီးခဲ့သည့် မတ်လအတွင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။


၎င်းတို့ ၄ ဦးကိုအကြမ်းဖျက်တိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀(က)၊၅၂(က)ဖြင့် စစ်တွေမြို့ သတင်းရဲတပ်ဖွဲ့မှ ရဲမှူးဇော်မြင့်ထွန်းက တောင်ကုတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။



 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်