test1

အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ရပ်တန့်ရန် လှုံ့ဆော်မှုများပြုလုပ်


Western News – ဇူလိုင်လ ၂ ရက်

ရခိုင်ပြည်နယ်တွင် အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် လိင်ပိုင်ဆိုင်ရာအကြမ်းဖက်မှုများမြင့်မားလာနေသည့်အတွက် ၎င်းတို့ အားဆန့်ကျင်ခြင်းလှုပ်ရှားမှုများအား ဇွန်လ ၁ ရက်နေ့မှစတင်ကာ လူမူကွန်ရက်စာမျက်နှာပေါ်တွင်စတင်ပြန့်နှံလာသည်။

ရခိုင်ပြည်နယ်ရှိ အမျိုးသမီးများနှင့် ကလေးငယ်များမှာ ပဋိက္ခအမျိုးမျိုးနှင့် ကမ္ဘာ့ကပ်ရောဂါဆိုးကြားထဲ၌ ဆင်းရဲ ဒုက္ခအမျိုးမျိုးကို ထိခိုက်ခံစားနေကြရပြီး အဆိုပါအခက်အခဲပေါင်းစုံကို ခါးစည်းခံနေရသည့် အမျိုးသမီးများနှင့် ကလေးငယ်များကို အကြမ်းဖက်မှု၊ မုဒိမ်းမှုများ ထပ်မံမဖြစ်လာနိုင်စေရန် ကာကွယ်တားဆီး ပေးစေလိုကြောင်းတဆင့် ဖြန့်ဝေသူများက ရေးသားထားကြသည်။

အဆိုပါလှုပ်ရှားမှုတွင်
“အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကင်းရှင်း တဲ့ရပ်ဝန်းတစ်ခု အတူတူ လက်တွဲဖန်းတီးကြမယ်။ တစ်စုံတစ်ယောက် Rape လုပ်ခံရလျှင် သူ့အသံကိုနားထောင် ပေးပါ၊ သူ့ကိုဖေးမပေးပါ၊ ကဲ့ရဲ့ရှုံ့ချစရာ လုံးဝလုံးဝ မဟုတ်ပါ၊ ယောင်္ကျားတွေဟာ မုဒိမ်းမှုကိုတားဆီးပေးနိုင်တယ်” ဟုရေးသားထားကြသည်။

အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် လိင်ပိုင်ဆိုင်ရာအကြမ်းဖက်မှုများအားရပ်တန့်ရေး အမျိုးသမီးများအပါအဝင် အမျိုးသားများပါ ပါဝင်လှုပ်ရှားလာသလို Stop Rapes & Make a Safe environment ” စသဖြင့် စတီကာများကိုင်ဆောင်ကာ လူမှုကွန်ရက် စာမျက်နှာများတွင် ပြုလုပ်နေကြသည်။

Western News- WN
ဓာတ်ပုံ- Women Generation နှင့် တစ်ခြားသော အကောင့်များ

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်