Western News – ဇူလိုင်လ ၆ ရက်
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာတွင် ယနေ့ ဇူလိုင်လ ၆ ရက် ညနေ ၅ နာရီအချိန်က မိုးကြိုးပစ်ခံရ၍ လယ်သမားတစ်ဦးသေဆုံးသွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
သဆေုံးသှားသူမှာ ကှဲထွိုးကွေးရှာမှဦးကွောသြနြးမောငြ ဖှဈပှီး အသကြ(၄၃)နှဈရှိသညဟြုသိရသညြ။
၄င်းမှာ ယနေ့ညနေပိုင်းက ရွာ၏ အနောက်ဘက် တစ်မိုင်ခန့် ဝေးသည့် လယ်ကွင်းတွင် သူ၏သား၊ ညီတို့နှင့်အတူ ကန်းသင်းဆည်နေစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဦးလှမောင်က Western News ကိုပြောသည်။
“ကန်းသင်းဆည်နေတာမှာ မိုးကြိုးပစ်ခံရလို့သေဆုံးသွားတာ။ သူ့သားနဲ့ ညီလည်းပါတယ်။ ဒါပေမယ့် သားနဲ့ညီက ဒဏ်ရာရတာ မရှိဘူး။ သားဖြစ်တဲ့သူကတော့ နည်းနည်းကြောက်လန့်သွားပြီး ခြေတွေလက်တွေထုံကျင် သွားတယ်” ဟုပြောသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဦးလှမောင်
အဆိုပါသေဆုံးသွားသူ၏ ရုပ်အလောင်းအား လက်ရှိတွင် ကျေးရွာသင်္ချိုင်းသို့ ယူဆောင်းသွားပြီး ယနေ့ညဉ့်အချိန်တွင် သင်္ဂြိုလ်မည် ဖြစ်ကြောင်းလည်း အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။
Western News- WN