test1

ယနေ့မှစ၍ တစ်နိုင်ငံလုံး စာသင်ကျောင်းများ ၂ ပတ်ကြာ ယာယီပိတ်


Western News -ဇူလိုင် ၉ ရက်

ကူးစက်မြန် ဗီဇပြောင်း ကိုဗစ်ရောဂါပိုးတွေ့ရှိမှုများပြားလာသောကြောင့် မြန်မာတစ်နိုင်ငံရှိ အခြေခံပညာကျောင်းများကို ယာယီပိတ်လိုက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင် ၈ ရက်နေ့ ညပိုင်းတွင်သတင်းထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံအတွင်း မျိုးရိုးဗီဇပြောင်းလဲလာသော COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုရှိနေကြောင်း ဓာတ်ခွဲစမ်းသပ် အတည်ပြုချက်များအရသိရှိရသောကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုကို အချိန်မီထိန်းချုပ်ကာကွယ် တားဆီးနိုင်ရေးအတွက် အခြေခံပညာကျောင်းများ ပုဂ္ဂလိကကျောင်းများ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ဇူလိုင် ၉ ရက်နေမှ ဇူလိုင် ၂၃ ရက်နေ့အထိ ယာယီပိတ်လိုက်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဇူလိုင် ၈ ရက်နေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း ဓာတ်ခွဲ စစ်ဆေးမှုပေါင်း ၁ သောင်းခွဲနီးပါးတွင် ကိုဗစ်အတည်ပြုလူနာ ၄၁၃၂ ဦးနှင့် သေဆုံးသူ ၅၁ ဦးရှိကြောင်း ဖော်ပြထားသည်။

ယင်းအပြင် မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ ကူးစက်သူအတည်ပြုလူနာ ၁၈၀၀၀၀ (တစ်သိန်း ရှစ်သောင်းကျော်)အထိရှိလာပြီး သေဆုံးသူ ၃၆၂၁ ဦးလာနေကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

Western News-WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်