test1

ရခိုင်တွင် ဆန်စျေး တဖြည်းဖြည်းမြင့်တက်လာ၍ အခြေခံ လက်လုပ်လက်စားများ စားဝတ် နေရေး အခက်ကြုံ


Western News – ဇူလိုင် ၁၀ ရက်

ရခိုင်ပြည်နယ်တွင် ဆန်စျေးနှုန်းများမှာ ဖေဖော်လ လယ်မှစ၍ တစ်ဖြည်းဖြည်းမြင့်တက်နေ၍ အခြေခံလက်လုပ် လက်စားများနှင့် တစ်ရက်ဖိုးတစ်ရက်ရှာဖွေစားသောက်နေရသူများ စားဝတ်နေရေးအခက်ကြုံနေရသည်။

ဖေဖော်ဝါရီ လယ်အထိ ဆန်စျေးမှာ ပေါ်ဆန်းမွှေး( ၄ )တောင်းဆန့်တစ်အိတ်ကိုအမြင့်ဆုံးစျေး ၃၂ဝဝဝကျပ်အထိသာ ရှိခဲ့သော်လည်း မတ်လတွင် ၃၆ဝဝဝကျပ်၊ ဧပြီလတွင် ၄ဝဝဝဝကျပ်မှ ယခုဇူလိုင်လတွင် ၄၇၀၀၀ ကျပ်ထိ စျေးနှုန်းများမြင့် တက်လာ နေသည်။

လက်ရှိတွင်လည်း ပေါ်ဆန်းမွှေးဆန် ၄ တောင်းဆန့် တစ်အိတ် ကို ၄၀၀၀၀ ကျပ်မှ ၄၇၀၀၀ ကျပ်ထိ၊ စာမသိ ၄တောင်းဆန့် တစ်အိတ်ကို ၃၂ဝဝဝကျပ်မှ ၃၈ဝဝဝကျပ်ထိ၊ သီရီဒုံခေါ်(ဆန်ချေ) ၄တောင်းဆန် တစ်အိတ်ကို ၂၈ဝဝဝကျပ်မှ ၃၂ဝဝဝကျပ်ထိ ဆန် ကောင်း/မကောင်းပေါ်အခြေခံ၍ ဆန်ကုန်သည်များက စျေးအမျိုးမျိုးဖြင့် ရောင်းချကြသည်။

ဆန်ဈေးများ တစ်ဖြည်းဖြည်းမြင့်တက်လာခြင်းမှာ စပါးစျေးများမြင့်တက်နေခြင်းကြောင့်ဖြစ်ပြီးစပါးစျေးကျလျှင် ဆန်စျေးကျမည်ဟု စစ်တွေမြို့ရှိ ဆန်ဆိုင်မှပိုင်ရှင်တစ်ဦးကပြောသည်။

“ကျွန်မတို့ ရောင်းနေတဲ့ဆန်တွေက ကျွမတို့ရခိုင်ကထွက်တဲ့ဆန်တွေကိုပါ။ ဆန်စျေးတွေကတော့ တက်တာပေါ့။ ဆန်စျေး တက်တာ ဟာလည်း စပါးစျေးတက်လို့ ပါ။စပါးစျေးကျရင်တော့ ဆန်စျေးလည်းကျပါတယ်ရှင့် ။ ဆန်စျေးတွေက မတ်လကနေ စပြီးအနည်း ငယ်စီတက်လာပါတယ်”ဟုပြောသည်။

လယ်သမားများကလည်း စပါးစျေးကို တမင်တကာ စျေးမြှင့်တောင်းခြင်းမဟုတ်ဘဲ စပါးကုန်သည်များက ပေးသည့် စျေးဖြင့်သာ ရောင်းချခြင်းဖြစ်ပြီး စပါးစျေးနှင့်ဆန်စျေးအတွက် ရခိုင်တွင်တိကျသော စျေးကွက် တစ်ခုမရှိသည့်အတွက် ယခုကဲ့သို့ ကုန်သည်များ၏ စျေးကစားခြင်းကို နှစ်စဉ်ခံနေရကြောင်းပြောသည်။

ဆန်စျေးနှုန်းများအပြင် တစ်ခြားစားသောက်ကုန်စျေးနှုန်းများမှာ တစ်ဖြည်းဖြည်းမြင့်တက်နေသည့်အတွက် စားဝတ်နေရေးများကို တစ်လဝင်ငွေအပေါ်တွက်ချက်ကာစားသောက်နေရသည်ဟု အခြေခံလက်လုပ်လက်စားများက ပြောသည်။

စားသောက်ကုန်နှင့်ဆန်စျေးနှုန်းမှာ တစ်လထက်တစ်လ မြင့်တက်လာနေသည့်အတွက် တစ်ရက်ရသော ဝင်ငွေ ကိုတစ်ရက်စားရန် အတွက်လုံလောက်မှုမရှိမှုနှင့် ကြုံတွေ့နေရသည်ဟု စစ်တွေမြို့ ရူပမြောက်မှဘေးတွဲမောင်းသူ မောင်ကျော်သာ က ပြောသည်။

“ဘေးတွဲမောင်းပြီး တစ်ရက်ဖိုး တစ်ရက်ရှာစားနေရတာပါ။ ညီမတို့သိတဲ့အတိုင်းပဲ ဆီစျေးကတက်တော့ ဘေးတွဲမောင်းလို့အရင်လို အဆင်မပြေတော့ဘူး။ မောင်းတဲ့သူတွေကလည်းများတော့ ပိုဆိုးတာပေါ့။ ဟိုနားက ၅၀၀ ဒီနားက ၅၀၀ စုနေရတာ။ တစ်ရက်မောင်းရင် ၅၀၀၀ ရတဲ့ခါရတယ်။ တစ်ခါတလေ ၃၀၀၀ ပဲရတဲ့အခါတွေရှိ တယ်။ အဆင်မပြေတဲ့နေ့တွေမှ အများကြီး။ အကိုတို့လို တစ်ရက်လုပ် တစ်ရက်စားတွေအတွက် ဆန်စျေးနဲ့ စား သောက်ကုန်စျေးတွေတက်လာရင် လုံးဝအဆင်မပြေနိုင်ဘူး။ တစ်ရက်စားဖို့အတွက် ရုန်းကန်ရတာမလွယ်ပါ ဘူး” ဟု ပြောသည်။

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း လက်ရှိဆန်စျေးတက်နေသည့်အပေါ် ၎င်းတို့အနေဖြင့် တိုက်ရိုက်မဟုတ်ဘဲ ရခိုင်ပြည်နယ်မှ ဆန်စပါးလုပ်ငန်းရှင်များအသင်းနှင့်ညှိနှိုင်းပြီးထိန်းချုပ်သွားမည်ဖြစ်ကြောင်း ယမန်နေ့ ဇူလိုင်လ ၉ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်ကောင်စီအဖွဲ့ဝင် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဆောင်းဦးရာသီကာလ စပါးရိတ်သိမ်းချိန်တွင် စပါးစျေးနှုန်းမှာ ၂၀၀၀၀၀ ကျပ်မှ ၂၂၀၀၀၀ ကျပ်အထိစျေးရှိပြီး ယင်းအချိန်တွင် ဆန်စျေးလည်း ကျဆင်းကာ မိုးဦးရာသီ စပါးစိုက်ပျိုးရာသီတွင် စပါးကုန် သည်များက ၃၅ဝဝဝဝကျပ်မှာ ၄၅၀၀၀၀ ကျပ်ထိ စျေးကောင်းပေးဝယ်ကြသည့်အတွက် အဆိုပါအချိန်တွင် ဆန် စျေးတက်ကြောင်း လယ်သမားများပြောပြချက် အရသိရသည်။

Western News- WN


ဆက်စပ်စကားလုံများ : #စပါး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်