Three Rakhine human rights activists sentenced to 15 days in jail or fined 20,000
test1

ရခိုင်မှ လူ့အခွင့်ရေးလှုပ်ရှားသူ ၃ ဦးကို ထောင်ဒဏ် ၁၅ ရက်(သို့) ဒဏ်ငွေ ၂၀၀၀၀ ချမှတ်


Western News – ဇူလိုင် ၁၂ ရက်

ပြီးခဲ့သည့် ၂၀၂၀ ဒီဇင်ဘာ ၁၀ ရက်နေ့က အပြည်ပြည်ဆိုင်ရာ လူအခွင့်ရေးနေ့အထိမ်းမှတ်အဖြစ် လူ့အခွင်းရေးလှုပ်ရှားမှုများ ပြုလုပ် ခဲ့ကြရာတွင် ပါဝင်သူများကိုထောင်ဒဏ် ၁၅ ရက်(သို့)ဒဏ်ငွေ ၂၀၀၀၀ ကျခံစေရန်အမိန့်ချမှတ်လိုက်သည်။

ယင်းလှုပ်ရှားမှုကြောင့် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရသည့် ကိုသန်းလှ(ခေါ်)မင်းဘာချေ၊ ကိုနိုင်နိုင်ထွန်းနှင့် မခိုင်မြတ်သူတို့ကို ၆ လ ကြာ အမှု စစ်ဆေးမှုအပြီးတွင် ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံးက ယခုကဲ့သို့ အမိန်ချမှတ်လိုက်ကြောင်း ကိုသန်းလှက Western News ကိုပြောသည်။

“ကျွန်တော်တို့ကို ၆ လကျော်ကြာ အမှုစစ်ဆေးပြီး တရားရုံးက အမှုကျူးလွန်းတယ်ဆိုပြီ ငြိမ်းစုစီ ၁၉(က)အရ ထောင်ဒဏ် ၁၅ ရက် (သို့) ဒဏ်ငွေ၂၀၀၀၀ ဆိုပြီးချမှတ်လိုက်ပါတယ်။ ကျွန်တော်တို့ ကတော့ငွေဒဏ်ပဲ ဆောင်လိုက်ပါတယ်”ဟုပြောသည်။

အဆိုပါလှုပ်ရှားမှုကမ်ပိန်းကြောင့် ကိုသန်းလှအပါအဝင် ၃ ဦးကို စစ်တွေမြို့နယ်ရဲစခန်းမှ ရဲမှူးဇော်နိုင်က တရားလိုလုပ်ကာ ငြိမ်စုစီပုဒ်မ ၁၉ (က)ဖြင့် စစ်တွေမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ဒီဇင်ဘာ ၁၀ ရက်နေ့က အပြည်ပြည်ဆိုင်ရာ လူအခွင့်ရေးနေ့အထိမ်းမှတ်အဖြစ် ရခိုင်ပြည်နယ် စစ်တွေကမ်းခြေတွင် ကိုသန်းလှတို့မှ လူ့အခွင်းရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြရာဖမ်းဆီးခြင်းကိုခံခဲ့ရသည်။

၎င်းသုံးဦးကို ငြိမ်စုစီပုဒ်မ ၁၉ (က)ဖြင့် အာမခံဖြင့် အပြင်မှ တရားရင်ဆိုင်ခဲ့ရသည်။

Western News-WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်