Due to covid 19, only four UN agencies are allowed in Rakhine
test1

ကိုဗစ်ကြောင့် UN အဖွဲ့အစည်းများကို ရခိုင်တွင် လုပ်ငန်း ၄ ခုသာ ခွင့်ပြု


Western News – ဇူလိုင်လ ၁၃ ရက်

ကုလသမဂ္ဂ UN အဖွဲ့အစည်းများကြသော UNOCHA/ ICRC/ INGO/ NGO များနေဖြင့် လုပ်ငန်း ၄ မျိုးကိုသာဆောင်ရွက်ခွင့်ပြုကြောင်း ဇွန်လ ၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီမှ ထုတ်ပြန်လိုက်သည်။

UN/ INGO/ NGO/ UNOCHA/ ICRC အဖွဲ့တို့ကို အထက်ပါလုပ်ငန်း ၄ မျိုးကိုသာခွင့်ပြုသော်လည်း ကျန်စီမံကိန်းလုပ်ငန်းများအား Covide-19 ရောဂါကူးစက်ပြန့်ပွားနေစဉ် ကာလအတွင်း လုံးဝဆောင်ရွက်ခွင့်မပြု ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဆောင်ရွက်ခွင့်ပြုသည့်လုပ်ငန်း ၄ မျိုးမှာ (၁) စားနပ်ရိက္ခာ ထောက်ပံ့ခြင်းလုပ်ငန်း၊ (၂) Covide-19ရောဂါကာကွယ် ရေးပစ္စည်းများ ထောက်ပံ့ပေးခြင်းလုပ်ငန်း၊ (၃) မဖြစ်မနေဆောင်ရွက်ရမည့် ကျန်းမာရေးလုပ်ငန်း၊(၄) ရေနှင့် မိလ္လာရေဆိုး စနစ်ဆောင်ရွက်ခြင်း လုပ်ငန်းတို့ဖြစ်သည်။

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီမှပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဦပေဒချေုပ် ဦးလှသိန်းက” ထုတ်ပြန်ချက် အချက်လေးချက် ထုတ်ပြန်တယ်ဆိုတာဟုတ်တယ်။ ကိုဗစ်ကာလဖြစ်လို့ဆိုပြီးတော့ မဖြစ်မနေ အရေးကြီးတဲ့ အချက်လေးချက်ကိုပဲလုပ်ပါ။ ကျန်တဲ့ဟာတွေကို လူထုထဲကို သွားလာနေပြီးတော့ ပိုးရှိတဲ့လူဆိုရင် ကူးမှာစိုးလို့” ဟု Western News ကိုပြောသည်။

အလားတူ အထက်ပါခွင့်ပြုသော လုပ်ငန်းများဆောင်ရွက်ရန်အတွက် ခွင့်ပြုချက်လျှောက်ထားတင်ပြရာတွင် ကွင်းဆင်းဆောင်ရွက်မည့် ဝန်ထမ်းများမှ Covide-19 ကာကွယ်ဆေး ၂ ကြိမ်ထိုးထားသည့်ဆေးထောက်ခံချက် များဖြင့် ပူးတွဲတင်ပြသွားရန်ဟု ထုတ်ပြန်ချက်ရေးသည်။

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ခွင့်ပြုချက်ရပြီးနောက် ကွင်းဆင်း ဆောင်ရွက်မည့်ဝန်ထမ်းများအား သက်ဆိုင်ရာကျန်းမာရေး ဦးစီးဌာနတွင် Covide-19 ရောဂါပိုးရှိ/ မရှိစစ်ဆေး၍ ရောဂါပိုး မရှိကြောင်း ထောက်ခံချက်အား သက်ဆိုင်ရာ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့များသို့ တင်ပြပြီးမှသာ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရေး အထူးအလေးထားလိုက်နာ ဆောင်ရွက်ကြရန် အကြောင်းကြား အပ်ပါသည်ဟု လည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းမြို့၊ ပြည်နယ်အုပ်ချုပ်ရေးမှုး၊ ပြည်နယ် အထွေထွေ ဦးစီးဌာန၊ စစ်တွေမြို့၊ ပြည်နယ်ရဲတပ်ဖွဲ့မှုးရုံး၊ စစ်တွေမြို့၊ ကွပ်ကဲရေးမှုး၊ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲရေး အဖွဲ့မှူးရုံး (ကျီးကန်းပြင်)၊ မောင်တော်မြို့၊ ကွပ်ကဲရေးမှုး အမှတ်(၄) လုံခြုံရေးရဲကွပ်ကဲ မှုးရုံး၊ စစ်တွေမြို့၊ တပ်ဖွဲ့ခွဲမှုး၊ သတင်းရဲတပ်ဖွဲ့၊ အမှတ်(၁၂) တပ်ဖွဲ့ခွဲမှုးရုံး၊ စစ်တွေမြို့၊ ဥက္ကဌ၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့(အားလုံး)၊ ဥက္ကဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(အားလုံး) ယင်းထုတ်ပြန်ချက်တွင် မိတ္တူကိုပေးပို့ကြောင်း ထုတ်ပြန်ချက်ရေးသည်။

Western News- WNဓာတ်ပုံ EPA


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်