Rakhine rise of covid 19
test1

ရခိုင်တွင် ကိုဗစ် ပိုးတွေ့လူနာ ၁၀၀၀ နီးပါးရှိ၊ ဆေးရုံမှ ၃၀၀ ကျော်ဆင်းခွင့်ရ


Western News – ဇူလိုင် ၁၄ ရက်

ရခိုင်ပြည်နယ်မှ မြို့နယ် ၁၆ မြို့နယ်တွင် ဇူလိုင်လ ၁၃ ရက်နေ့ညနေ ၅ နာရီထိ ကိုဗစ် ၁၉ တတိယလှိုင်း၌ ရောဂါပိုးတွေ့ ရှိသူဦးရေ ၁၀၀၀ နီးပါး ရှိပြီး ယင်းအထဲမှ ဆေးရုံဆင်းခွင့်ရရှိသူ ဦးရေ ၃၀၀ ကျော်ရှိကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက် အရသိရသည်။

မေလ ၁၂ ရက်နေ့မှ ဇူလိုင်လ ၁၃ ရက် နေ့အထိ ရခိုင်၌ ကိုဗစ်အတည်ပြုလူနာမှာ ၉၉၆ ဦးထိရှိပြီး ယင်းထဲတွင် သေဆုံးသူ ၁၆ဦး နှင့် ဆေးရုံဆင်းခွင့်ရရှိ သူ ၃၉၆ ဦးရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ရခိုင်ပြည်နယ်ကျန်မာရေးဦး၏ထုတ်ပြန်ချက်အရ မြို့နယ် ၁၆ မြို့နယ်တွင် ဇူလိုင် ၁၃ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိ သည့်မြို့နယ်လိုက်စာရင်းမှာ

စစ်တွေမြို့ နယ် တွင် ပိုးတွေ့လူနာ ၂၂ဝဦး၊ဆေးရုံဆင်းခွင့်ရရှိသူ ၉၉ ဦး ၊သေဆုံးသူ ၃ဦးနှင့် လက်ရှိ ၁၂၁ ဦး

မောင်တောမြို့နယ်တွင် ပိုးတွေ့လူနာ ၃၂၃ဦး ၊ဆေးရုံဆင်းခွင့်ရသူ ၁၇၅ဦး၊ သေဆုံး ၅ဦးနှင့် လက်ရှိ ၁၄၈ဦး၊

သံတွဲမြို့နယ်တွင် ပိုးတွေ့လူနာ ၁၁၈ ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူ ၃၇ ဦး ၊သေဆုံးသူ ၃ ဦးနှင့် လက်ရှိ ၈၁ ဦး

တောင်ကုတ်မြို့နယ်တွင် ပိုးတွေ့လူနာ ၃၂ ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူ ၁၇ ဦး ၊သေဆုံးသူ ၂ ဦးနှင့် လက်ရှိ ၁၅ ဦးရှိသည်။

ယင်းအပြင်မြေပုံမြို့နယ်တွင် ပိုးတွေ့လူနာ ၈ ဦး ၊ဆေးရုံဆင်းခွင့်ရရှိသူ ၇ ဦး ၊သေဆုံးသူ ၀ ဦးနှင့် လက်ရှိ ၁ ဦး

ဘူးသီးတောင်မြို့နယ်တွင် ပိုးတွေ့လူနာ ၇၆ ဦး၊ဆေးရုံဆင်းခွင့်ရရှိသူ ၅၀ ဦး ၊ သေဆုံးသူ ၀ ဦးနှင့် လက်ရှိ ၂၆ ဦး၊

ကျောက်တော်မြို့နယ်တွင် ပိုးတွေ့လူနာ ၂၂ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၈ ဦး ၊သေဆုံးသူ ဝဦးနှင့် လက်ရှိ ၁၄ ဦး၊

မင်းပြားမြို့နယ်တွင် ပိုးတွေ့လူနာ ၆ ဦး ၊ဆေးရုံဆင်းခွင့်ရရှိသူ ၀ ဦး ၊ သေဆုံးသူ ၀ ဦးနှင့် လက်ရှိ ၆ ဦးရှိသည်။

ဂွမြို့နယ်တွင် ပိုးတွေ့လူနာ ၇၀ ဦး ၊ဆေးရုံဆင်းခွင့်ရရှိသူ ၀ ဦး ၊သေဆုံးသူ ၀ ဦးနှင့် လက်ရှိ ရဝဦး

ကျောက်ဖြူမြို့နယ်တွင် ပိုးတွေ့လူနာ ၆၁ ဦး ၊ဆေးရုံဆင်းခွင့်ရရှိသူ ၃ ဦး ၊သေဆုံးသူ ၃ဦးနှင့် လက်ရှိ ၅၈ ဦး

ရမ်းဗြဲမြို့နယ်တွင် ပိုးတွေ့လူနာ ၁၂ ဦး ၊ဆေးရုံဆင်းခွင့်ရရှိသူ ၀ ဦး ၊သေဆုံးသူ ၀ ဦးနှင့် လက်ရှိ ၁၂ ဦး

ပုဏ္ဏားကျွန်းမြို့နယ်တွင် ပိုးတွေ့လူနာ ၁၁ ဦး ၊ဆေးရုံဆင်းခွင့်ရရှိသူ ၀ ဦး ၊သေဆုံးသူ ၀ ဦးနှင့် လက်ရှိ ၁၁ဦးရှိသည်။

ပေါက်တောမြို့နယ်တွင် ပိုးတွေ့လူနာ ၂ ဦး ၊ဆေးရုံဆင်းခွင့်ရရှိသူ ၀ ဦး ၊သေဆုံးသူ ၀ ဦးနှင့် လက်ရှိ ၂ ဦး

အမ်းမြို့နယ်တွင် ပိုးတွေ့လူနာ ၂၀ ဦး ၊ဆေးရုံဆင်းခွင့်ရရှိသူ ၀ ဦး ၊သေဆုံးသူ ၀ ဦးနှင့် လက်ရှိ ၂၀ ဦး

မြောက်ဦးမြို့နယ်တွင် ပိုးတွေ့လူနာ ၁၀ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၀ ဦး ၊သေဆုံးသူ ၀ ဦးနှင့် လက်ရှိ ၁၀ ဦး

ရသေ့တောင်မြို့နယ်တွင် ပိုးတွေ့လူနာ ၅ ဦး ၊ဆေးရုံဆင်းခွင့်ရရှိသူ ၀ ဦး၊ သေဆုံးသူ ၀ ဦးနှင့် လက်ရှိ ၅ ဦးရှိသည်ဟုဖော်ပြထားသည်။

ရခိုင်ပြည်နယ် ၁ရမြို့နယ်၌ လက်ရှိတွင် ၁၆ မြို့နယ်တွင် ကိုဗစ်ကူးစက်ခံထားရပြီး မာန်အောင် ၁မြို့ နယ်သာ ကိုဗစ်ကူးစက်မှုမဖြစ်ဘဲ ကျန်ရှိတော့သည်။

လက်ရှိ မြို့နယ်အသီးသီ၏ဆေးရုံများတွင် ဇူလိုင် ၁၃ရက်နေ့အထိ ဆေးကုသမှုခံယူနေဆဲ ၆၀၀ ဦးထိကျန်ရှိ နေသေးသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က ပြည်ပနှင့်ကုန်သွယ်မှုပြုလုပ်နေသူ ၄ဦးတွင် ကိုဗစ်ပိုးတွေ့ရှိပြီးနောက် ရခိုင်တွင် ကိုဗစ် တတိယလှိုင်းစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါကုန်သွယ်ရေးစခန်းများကိုလည်း မနက်ဖြန် ဇူလိုင် ၁၅ ရက်နေ့မှ ၃၁ရက်ထိ ၂ပတ်ကြာယာယီ ပိတ်မည်ဟု ပြည်နယ်ကောင်စီကပြောဆိုထားသည်။

အလားတူ တစ်ပြည်နယ်မှ စာသင်ကျောင်းများကိုလည်း ၈ ရက်နေ့မှ စ၍ ၂ ပတ်ကြာ ယာယီပိတ်ထားသည်။

ရခိုင်ပြည်နယ် ကျန်းမာရေ ဦးစီးဌာနမှလည်း လူစုလူဝေးမလုပ်ကြရန်၊ အပြင်ထွက်က maskတပ်ကြရန်၊ ကိုဗစ် စည်းကမ်းများနှင့် အညီနေထိုင်ကြရန်သတိပေးထားသလို စားသောက်ဆိုင်များနှင့် စျေးဆိုင်များကိုလည်း ကိုဗစ် စည်းကမ်းများနှင့်အညီ ရောင်းချရန် ညွှန်ကြားထားသည်။

အပြင်ထွက်လျှင် mask မတပ်ပါက ငွေဒဏ် ၅၀၀ ကျပ်မှ ထောင်ဒဏ် ၇ ရက်နေ့အထိ အရေးယူသွားမည်ဟု လည်း ပြည်နယ်ကောင်စီကပြောထားသည်။

ရခိုင်တွင် ကိုဗစ်၁၉ ဒုတိယလှိုင်းကလည်း ရောဂါပိုးကူးစက်ခံရသူ ၄၂၀၀ ကျော်ထိရှိခဲ့ပြီး သေဆုံးသူ ၃၇ ဦးထိရှိခဲ့ သည်။

Western News- WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်