COVID NEWS RAKHINE
test1

ပေါက်တောမြို့တွင် ရောဂါအခံမရှိသည့် လူနာ ၁ ဦးကိုဗစ်ဖြင့် သေဆုံး၊ ရခိုင်တွင် ကိုဗစ်ဖြင့် သေဆုံးသူ ၄၁ ဦးအထိရှိလာ


Western News – ဇူလိုင်၊ ၁၉ ရက်

ရခိုင်ပြည်နယ် ပေါက်တောမြို့ဆေးရုံတွင် ရောဂါအခံမရှိသည့် ကိုဗစ်လူနာတစ်ဦး ဇူလိုင် ၁၉ ရက်နေ့ ယနေ့မနက်ပိုင်းတွင် သေဆုံးသွားကြောင်း ပေါက်တောမြို့ကျန်းမာရေးဌာန၏ အတည်ပြုချက်အရသိရသည်။

ယခုသေဆုံးသူ ကိုဗစ်လူနာမှာ ယနေ့ အာရုဏ်တက်ချိန် ၃ နာရီခွဲခန့်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ပေါက်တောမြို့တွင် ကိုဗစ်ကြောင့် ပထမဆုံးသေဆုံးသည့် လူနာလည်းဖြစ်သည်။

သေဆုံးသူမှာ အသက် ၇၅ နှစ်ရှိပြီဖြစ်ပြီး ဆေးရုံရောက်ရှိပြီး ၂၄ နာရီအတွင်း သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ပေါက်တောမြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ကိုကိုအောင် က Western News ကိုပြောသည်။

“လူနာက အသက် ၇၅ နှစ်ရှိပါပြီ။ ရောဂါအခံတော့မရှိပါဘူး။ ဆေးရုံရောက်ပြီး ၂၄ နာရီအတွင်းပဲသေဆုံးသွားတာ ပါ” ဟုပြောသည်။

လက်ရှိတွင် ပေါက်တောမြို့နယ်ဆေးရုံ၌ ကိုဗစ်လူနာ ၆ ဦးရှိကာ ၂ ဦးမှာ အောက်ဆီဂျင်ပေးထားရကြောင်း ဆေးရုံရှိအောက်ဆီဂျင်များမှာ ယခင်ကတည်းကစုဆောင်းထားမှုရှိ၍ လက်ရှိတွင်အဆင်ပြေနေသေးကြောင်း ဆရာဝန်ကြီးက ဆက်ပြောသည်။

ရခိုင်တွင် ကိုဗစ်ဖြစ်ပွားသည့် ၂ လကျော်ကာလအတွင်း ယမန်နေ့ ဇူလိုင်လ ၁၈ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၄၄၂ ရှိပြီး သေဆုံးသူ ၄၁ ဦးထိရှိလာပြီဖြစ် ကြောင်း ပြည်နယ်ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

Western News- WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်