test1

ရခိုင်တွင် ကိုဗစ်ရောဂါဖြင့် သေဆုံးသူ ၉၃ ဦးနှင့် ရောဂါပိုးကူးစက်ခံရသူ ၂၀၀၀ ကျော်လာ


Western News – ဇူလိုင် ၂၄ ရက်

ရခိုင်ပြည်နယ်တွင် ကိုဗစ် ၁၉ ရောဂါ တတိယလှိုင်းအတွင်းသေဆုံးသူဦးရေမှာလည်း ၉၃ ဦးနှင့်ရောဂါပိုးကူးစက်ခံရသူ ၂၀၀၀ ကျော်ထိရှိလာပြီး ထိရှိလာကြောင်း ရခိုင်ပြည်နယ်ဦးစီးဌာနကထုတ်ပြန်သည်။

ပြည်နယ် ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ရခိုင်မှာ မေလ ၁၂ ရက်နေ့မှ ဇူလိုင် ၂၃ ရက်နေ့ ညနေ ၅ နာရီအထိ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၉၃ ဦးနှင့် ရောဂါပိုးတွေ့ရှိသူ ၂၀၂၇ ဦးထိရှိလာသည်ဟုဖော်ပြထားသည်။

ပိုးတွေ့ရှိသူစုစုပေါင်း ၂၀၂ရဦးထဲမှ ၁၂၂၂ ဦးမှာ ဆေးရုံမှဆင်းခွင့်ရရှိရရှိကာ လက်ရှိဆေးကုသနေဆဲ ၈၀၅ ဦးရှိကြောင်းရခိုင်ပြည်နယ်ကျန်းမာရေး ဦးစီးဌာနကထုတ်ပြန်သည်။

ရခိုင်တွင် ကိုဗစ် ၁၉ ပထမလှိုင်းနှင့် ဒုတိယလှိုင်း နှစ်ခုတွင် သေဆုံးသူ ၃၇ ဦးသာ ရှိခဲ့သော်လည်း ယခု တတိယ လှိုင်း၌ ၂ လကျော်အတွင်း သေဆုံးနှုန်းမှာ ယခင်ကထက် ၁ ဆကျော်ထိမြင့်တက်လာပြီဖြစ်သည်။

ရခိုင်ရှိ မြို့တိုင်းတွင် ကိုဗစ် ၁၉ ထိန်းချုပ်ရေးအတွက် ကိုဗစ်စည်းကမ်းများကိုလိုက်နာဆောင်ရွက်ရန် သတိပေးနှိုးဆော်မှုများကို နေ့စဉ်ပြုလျက်ရှိနေကြသည်။

ယင်းပြင် ရခိုင်အမျိုးသားအဖွဲ့ချုပ်မှလည်း ကူးစက်မြန်ကိုဗစ်ရောဂါကို ထိန်းချုပ်နိုင်ရေးအတွက် ရခိုင်တစ်ပြည် နယ်လုံးကို Stay at home အဖြစ် ၂ ပတ်သတ်မှတ်ကြောင်းသတိပေးထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်ကောင်စီကလည်း ကိုဗစ်စည်းကမ်းမလိုက်နာသူများကို ငွေဒဏ် မှ ထောင်ဒဏ် ၁ ပတ်ထိ အရေးယူ ဆောင်ရွက်မှုများလုပ်ဆောင်မည်ဖြစ်ကြောင်းပြောထားသည်။

Western News-WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်