Oxygen plant in Mrak-U
test1

မာန်အောင်၊ သံတွဲအပါအဝင် မြို့ ၅ မြို့မှ မြောက်ဦးသို့ အောက်ဆီဂျင်လာရောက်ဖြည့်တင်


းWestern News – ဇူလိုင် ၂၄ ရက်

မကြာသေးခင်က ဆောက်လုပ်ပြီးစီးခဲ့သည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ နန်းရိပ်ကရုဏာ အောက်ဆီဂျင်စက်ရုံကို ကျောက်တော်၊ တောင်ကုတ်၊ စစ်တွေ၊ သံတွဲ၊ မာန်အောင်မြို့များမှ စတင်အောက်ဆီဂျင်များ လာရောက်ဖြည့်တင်းနေကြကြောင်း အဆိုပါစက်ရုံ၏ တာဝန်ရှိသူကပြောသည်။

စစ်တွေမြို့ကို အောက်ဆီဂျင်နေ့စဉ် အနည်းဆုံး ၁၆ လုံးမှ အလုံး ၂၀ ကြား ပေးပို့နေပြီး တစ်ခြားသောမြို့နယ်များ မှ လာရောက် ဖြည့်တင်းမှုကိုလည်း အတတ်နိုင်ဆုံးဆောင်ရွက်ပေးနေသည်ဟု နန်းရိပ်ကရုဏာ အောက်ဆီဂျင်စက် ရုံ ဥက္ကဌ ဦးမောင်ဝင်းရွှေက ပြောသည်။

“စစ်တွေကိုတော့ နေ့စဉ် အောက်ဆီဂျင်အိုး အနည်းဆုံး ၁၆ လုံးကနေ ၂၀ ကြားပေးပို့ပါတယ်။ ပြည်နယ်ကောင်စီက စစ်တွေပြည်သူ့ ဆေးရုံမှာ အောက်ဆီဂျင်ပေးထားရတဲ့လူနာ အရေအတွက်ကို ဒီကိုပေးပို့တာပေါ့။ ဒီနေ့လည်း တောင်ကုတ်က ၁၈ လုံး လာဖြည့်သွားပါတယ်။ မာန်အောင်ကလည်း အလုံး ၃၀ ဖြည့်တင်းဖို့လာနေပါတယ်။ အလုံး ၃၀ ကို တော့ ၁၀ လုံးစီပေးဖို့စီစဉ်ထားပါတယ်” ဟုပြောသည်။

ပေါက်တောမြို့တွင် အောက်ဆီဂျင်လက်ကျန်မှာ တစ်ရက်အတွက်သာ ဖုံလှုံမှုရှိသည့်အတွက် မြောက်ဦးသို့ အောက်ဆီဂျင်သွားဖြည့် နေကြောင်း ပေါက်တောမြို့ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးကိုကိုအောင်ကပြောသည်။

မြောက်ဦးမြို့နယ်တည်ဆောက်ပြီးစီးနေသည့် အောက်စီဂျင်ထုပ်လုပ်ပေးသည့်စက် လည်ပတ်နေ

“ ခုဆေးရုံမှာအောက်ဆီဂျင်ပေးထားရတာ ၅ ယောက်ရှိတယ်။ လူနာနဲ့ရှိတဲ့အောက်ဆီဂျင်နဲ့ကကွက်တိပါပဲ။ လူနာထပ်တိုးလာရင်တော့ အောက်ဆီဂျင်လုံလောက်မှုအခြေနေကသိပ်မခိုင်ဘူးပေါ့နော်။ လွန်ခဲ့တဲ့ ၂၂ ရက်ကတော့ စစ်တွေကလိုအပ်တယ်ဆိုလို့ ကျနော်တို့ဆီက အောက်ဆီဂျင် ၁၀ လုံးပို့လိုက်ရတယ်။ ပြန်တော့မရသေးဘူး” ဟုပြောသည်။

နန်းရိပ်ကရုဏာ အောက်ဆီဂျင်စက်ရုံမှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်မှစကာ နန်းရိပ်ကရုဏာအောက်ဆီဂျင် အသင်း ကဦးဆောင်၍ ကိုယ်ထကိုယ်ထဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။

ဇူလိုင် ၂၁ ရက်နေ့က စတင်လည်ပတ် ကာ အောက်ဆီဂျင်ထုတ်လုပ် နေခြင်းဖြစ်ပြီး တစ်ခြားမြို့များမှာ အောက်ဆီဂျင်လိုအပ်မှုကိုလည်း အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်နေကြောင်းသိရသည်။

ရခိုင်ပြည်နယ်တစ်ဝန်းတွင် ကိုဗစ်ကူးစက်ပြန့်ပွားမှုမြင့်တက်လာသည်နှင့်အမျှ အောက်ဆီဂျင်လိုအပ်ချက်များမှာလည်း မြို့နယ်အလိုက် ပိုမိုများပြားလာခဲ့သည်။

အောက်ဆီဂျင်ပြဿနာဖြင့် အခက်မကြုံရစေရန်လည်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် အောက်ဆီဂျင်စက်ရုံများ တည်ဆောက်ရန် မြို့တိုင်းလိုလို၌ ကြိုးပမ်းဆောင်ရွက်နေကြသည်။

Western News- WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်