ann
test1

အမ်းတွင် တာဝါတိုင် မီးအားပေးသည့်စက် မီးလောင်ကျွမ်း၊ ဝန်ထမ်း ၂ ဦးဒဏ်ရာရ


Western News- ဇူလိုင် ၂၈ ရက်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ဈေးတောင်အမှတ် (၄)ရပ်ကွက်အလယ်ရှိ တာဝါတိုင်အား မီးအားပေးသည့်စက်မှာ ယနေ့ ဇူလိုင် ၂၈ ရက် နံနက် ၈ နာရီကျော်ခန့်က မီးလောင်ကျွမ်းမှုဖြစ်၍ လူ ၂ ဦးဒဏ်ရာရရှိသွားသည်ဟု ဒေသခံများက Western News ကိုပြောသည်။

အဆိုပါ တာဝါတိုင်တွင် Mytel, Telenor, Orredoo (၃)မျိုးရှိပြီး လက်တလောမီးပြတ်နေသည့်အတွက် မီးစက် ဖြင့်လာရောက် တာဝါတိုင်ကို လုပ်ဆောင်ရာမှ ဝါယာလျော့ဖြစ်ကာ မီးလောင်ကျွမ်းပြီး အလုပ်သမား ၂ ဦးပါ မီးလောင်၍ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု အမ်းမြို့လေးတောင် အမှတ် (၄)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးသန် းဌေးကပြောသည်။

“ဒီနေ့ မနက်ပိုင်း ၈ နာရီကျော်လောက်ကပါခင်ဗျာ။ မီးလောင်ကျွမ်းမှုဖြစ်တာပါ။ မီးပြတ်နေတော့ သူတို့က မီးစက် တွေနဲ့ တာဝါတိုင်တွေကိုလာလုပ်ကြတာ။ စက်နှိုးထားပြီး ဝါယာတွေကို လုပ်နေရာကနေ ဝါယာလျော့ဖြစ်ပြီး စက်ကော လူ ၂ ဦးပါ မီးလောင်ပြီး ဒဏ်ရရသွားပါတယ်” ဟုပြော သည်။
တာဝါတိုင်ကို မီးအားပေနေသည့်စက်မှာ တစ်ညလုံးမောင်းထား၍ အပူလွန်ကဲ့နေသောကြောင့် ဆီဖြည့်လိုက်ရာတွင် ယခုကဲ့သို့ မီးလောင်ကျွမ်းမှုဖြစ်သွားခြင်းဖြစ်သည်ဟု အမ်းမီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးအောင်သန်းဌေးကပြောသည်။

“တာဝါတိုင်ကို မီးအားပေးနေတဲ့စက်က တစ်ညလုံးမောင်းထားရတော့ အပူလွန်တာပေါ့။ အဲ့လိုအပူလွန်နေတဲ့ အချိန် ဆီသွားဖြည့်အခါ လောင်ကျွမ်းမှုဖြစ်တာပေါ့။ တာဝါတိုင်ဝန်ထမ်း ၂ ဦးဒဏ်ရာရှိသွားပါတယ်။ ဒဏ်ရာက တော့မပြင်းပါဘူး။ မီးကတော့ ငြိမ်းပြီးပြီပါပြီ” ဟုပြောသည်။

တာဝါတိုင်တွင် တာဝန်ကျနေသည့် ဝန်းထမ်းနှစ်ဦးမှာ ဒဏ်ရာမပြင်သော်လည်းက ဆေးရုံသို့ပို့ဆောင်လိုက်ပြီး လက်နဲ့ ခန္ဓာကိုယ်၏ အရေအပြားများမီးလောင်ကျွမ်းသွားခဲ့သည်။ မီးလောင်နေရာသို့ အမ်းမီးသတ်ဌာနက မီးသတ်ကားတစ်စီးရောက်ရှိလာပြီး မီးငြှိမ်းသတ်ခဲ့ပြီးသည်။

Western News- WN


ဆက်စပ်စကားလုံများ : #အမ်း
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်