test1

စစ်တွေတွင် ကိုဗစ်ကြောင့် အိမ်နေကာလ သတ်မှတ်ချက်အတွင်း အစားအသောက်ထောက်ပံ့ပေးမှုမြင်ကွင်း


ရခိုင်ပြည်နယ် စစ်တွေမြို့ ဘောက်သီးစုရပ်ကွက် လေးခွဆုံအနီးတွင် ယနေ့ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းက စားကုန်ပစ္စည်း ၅ မျိုးကို ထောက်ပံ့နေသည်ကိုတွေ့ရသည်။

ယင်းထောက်ပံ့မှုကို ယနေ့မနက်ပိုင်းက စတင်ပေးနေခြင်းဖြစ်ပြီး နေ့လည် ၁ နာရီအချိန်အထိ ပေးဝေနေခြင်းဖြစ်သည်။ အဆိုပါ ၅ မျိုးမှာ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ကြက်ဥ၊ ဟင်းချိုမှုန့်တို့ဖြစ်သည်။ထောက်ပံ့ပေးသူမှာ စစ်တွေမြို့ ဘောက်သီးစုရပ်ကွက်နေ ဒေါ်ဦးဆန်းရီတို့မိသားစုမှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းသိရသည်။

Western News -WN

ဇူလိုင်လ ၂၈ ရက်


ဆက်စပ်စကားလုံများ : #Sittwe#ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်