flooded village lake in Rajhune
test1

မောင်တော‌‌‌မြောက်ပိုင်း‌ကျေးရွာများတွင် ရေလွှမ်းမိုးမှုကြောင့် သောက်ရေကန်များပျက်စီး၊ သောက်သုံးရေများလိုအပ်နေ


Western News – ဇူလိုင် ၂၉ ရက်

ရခိုင်ပြည်နယ်‌၊ မောင်တော‌မြို့‌မြောက်ပိုင်းတွင် ဇူလိုင် ၂၆ ရက်နေ့ကစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့သည့် ကျေးရွာများတွင် သောက်ကန်များမှာ ရေလွှမ်းမိုးသွားသည့်အတွက် လက်ရှိ သောက် သုံးရေများလိုအပ်မှုရှိနေသည်ဟု ဒေသခံများကပြောသည်။

ရေကြီးမှုမှာ ယမန့်နေ့ ညနေပိုင်းကတည်း က ကျဆင်းပြီဖြစ်သော်လည်း သောက်ရေကန်များကို ရေလွှမ်းမိုးမှုကြောင့် သောက်သုံးရေများအခက်အခဲဖြစ်နေသည်ဟု ရေ လွှမ်းမိုးမှုဖြစ် ပေါ် ခဲ့သည့် မီးတိုက်‌ကျးရွာ ကျောင်း ထိုင်ဆရာတော်ကြီးကမိန့်သည်။

“‌ရေကတော့ ကျသွားပါပြီ မနေ့ကညနေကတည်းကပေါ့။ ရေက ၃ ပေ ကနေ ၇ ပေပောက်အထိမြင့်တက်ခဲ့တာကြောင့် ရေကန်တွေရေလွှမ်းကုန်တယ်။ ဘုန်းတော်ကြီး ကျောင်းက ကန်အသေးတစ်ကန်ပဲကျန်ခဲ့ တယ်။ဒီကန် တစ်ကန်ပဲ အကုန်အသုံးပြုနေရတယ်။ ကန်ကလည်း အကြီးမဟုတ်ဘူး၊ တစ်ရွာလုံးက သောက်ရေကော သုံး‌ရေပါ အဲ့ကန်ကိုပဲအားထားနေရတော့ ‌ရေအခက်အခဲရှိနေတယ်” ဟုမိန့်သည်။

အဆိုပါ မီးတိုက်ကျေးရွာတွင် အိမ်ခြေ ၂၀၀ နီးပါးထိရှိပြီး ကျေးရွာ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ လယ်ယာလုပ် ကိုင်စားသောက်ကြပြီး လက်ရှိတွင်ရေလွှမ်းမိုးမှုကြောင့် ထွန်ယက်စိုက်ပျိုးထားသော လယ်များမှာလည်း ပျက်စီးသွားသည်ဟု ကျေးရွာသားများကပြောသည်။

ယင်းပြင် ပျိုးပင်များ စပါးမျိုးစေ့များပါ ပျက်စီးသွားသည့်အတွက် လယ်ပြန်လည် ထွန်ယက်စိုက်ပျိုးရေးအတွက် အခက်ကြုံနေရသည်ဟုလည်း ကျေးရွာသားများကပြောသည်။

အလားတူပင် သာယာကုန်း‌ ‌သာယာကုန်းကျေးရွာတွင်လည်း ‌သောက်ရေကန် ရေလွှမ်းမိုးခံရမှုကြောင့် သန့်ရှင်းမှု မရှိသည့် ‌ရေကိုသောက်သုံးနေရသည်ဟု ‌ ကျေးရွာတာဝန်ခံ ဦးဦးဘသိန်းကပြောသည်။

“ရွာမှာ က အိမ်ခြေနည်းတော့ လယ်ဧကနည်းတယ်။ ဒါပေမယ် နံ့သာတောင်ဆရာတော်ကြီးမှာ စိုက်ထားတဲ့ လယ်ဧ က ၂၀ ကျော်နဲ့ဆိုရင် ၃၀ နီးပါးလောက် ပျက်စီးဆုံးရှုံးသွားပါတယ်။ ပြီးတော့ သောက်ရေကန်ကလည်း ရေလွှမ်း သွားတော့ အသုံးမပြုဘဲထားတဲ့ ရေကန်ကိုပဲ ခုသုံးနေရပါတယ်။ ရေက သောက်လို့ အဆင်မပြေပါဘူး။ မသန့်ဘူး။ ကျန်မာရေးဌာနကတော့ ရောက်လာပါတယ်။ ရေကို ချိုချက်သောက်ကြဖို့ပြောသွားပါ တယ်” ဟု ပြောသည်။

ရေကြီးမှုဖြစ်ပေါ်ခဲ့သည့် ကျေးရွာများမှာ တမန်းသား‌ကျေးရွာ၊ ဗန္ဓုလ‌ကျေးရွာ၊ သစ်တုံးနား ခွဆုံကျေးရွာ၊ ရေနောက်ငါးကျေးရွာ၊ သင်္ဘောလှကျေးရွာ ၊မီးတိုက်ကျေးရွာ၊သာယာကုန်းကျေးရွာတို့အပါအဝင်ဖြစ်သည်။

ရေလွှမ်းမှုကြောင့် လူနေအိမ်များပျက်စီးမှုများ၊ ကျွဲ၊ နွား၊ တိရစ္ဆာန် သေဆုံးမှုများ၊ လယ်ယာမြေဆုံးရှုံးမှုများ၊ ဝမ်းစာ စပါးများပျက်စီးခြင်းတို့ပါဖြစ်သွားသည်ဟု အဆိုပါကျေးရွာသားများက Western Newsသို့ပြောသည်။

အဆိုပါကျေးရွာများမှာ ရေအမြင့်ပေ ၄ပေမှ ၈ ပေခန့်အထိမြင့်တက်ခဲ့ပြီး သစ်တုံးနားခွဆုံကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၀ ကျော် သွားလာအသုံးပြုနေသည့် လကျ်ာချောင်း (လက်ယာချောင်း) သစ်သားတံတား ရေထဲ မျောပါသွားသည့်အတွက် သွားရေးလာရေးတွင် အခက်အခဲရှိလျက်ရှိနေသည်ဟုလည်းဒေသခံများကပြောသည်။

Western News-WN


ဆက်စပ်စကားလုံများ : #သဘာဝဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်