dram
test1

NLD အစိုးရသက်တမ်း ၄ နှစ်အတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကြောင့် အမှုဖွင့်တရားစွဲဆိုခံရသူ ၁၀၀၀ ကျော်ရှိ


Western News – အောင်စိုးဒီ
ဇင်ဘာလ ၂၄ ရက်

မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှစ်၊ဧပြီလ ၁ ရက်နေ့မှ ယခုနှစ် မတ်လ ၃၁ ရက်နေ့အထိ NLD အစိုးရသက်တမ်း ၄ နှစ် အတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းနှင့်ပတ်သက်၍ အမှုဖွင့်တရားစွဲဆိုခံရမှု စုစုပေါင်း ၅၃၉ မှုအထိပေါ် ပေါက်ခဲ့ပြီး အနည်းဆုံးလူပုဂ္ဂိုလ် ၁၀၅၀ ဦးတရားစွဲဆိုခံခဲ့ရသည်ဟု အသံအဖွဲ့ကထုတ်ပြန်ထားသည်။

ယင်းအပြင် အစိုးရသက်တမ်း ၄ နှစ်ပြည့်ခဲ့ပြီးနောက်ပိုင်းမှာလည်း လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်ကို ချိုးဖောက်မှုများစွာ ကြုံနေရသည်ဟု အသံအဖွဲ့၏ တည်ထောင်သူနှင့် သုသေသနမန်နေဂျာ ကို ရဲဝေဖြိုးအောင် ကပြောသည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ခဲ့ရတဲ့ပြည်နယ်တွေထဲမှာ ရခိုင်ကဒုတိယအများဆုံးဖြစ်တယ်။ ကိန်းဂဏန်းအရေအတွက်ကတော့ အသေးစိတ်ပြောလို့မရသေးဘူး။ နောက်တစ်လမှတော့ အသေးစိတ်ထုတ် ပြန်ဖို့ရှိတယ်။ ဒီအစိုးရလေးနှစ်သက်တမ်းပြည့်သွားခဲ့တဲ့နောက်ပိုင်းမှာလည်း ဒီလိုချိုးဖောက်မှုတွေက ဆက်လက် များပြားစွာ ရှိနေတာကို တွေ့မြင်နေရတယ်

ရဲဝေဖြိုးအောင်

တရားစွဲဆိုအမှုဖွင့်သည့်ပုဒ်မများမှာ ဆက်သွယ်ရေးဥပဒေ၊ ငြိမ်းစုစီဥပဒေ၊ နိုင်လွတ်လုံ ဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၀၊ မတရားအသင်းများအက်၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ အကြမ်းဖျက်မှုတိုက်ဖျက်ရေး ဥပဒေ၊ သာသနာညိုးနွမ်းစေမှု၊ ရာဇသတ်ကြီးပုဒ်မ ၁၄၄၊ နိုင်ငံတော်ပုန်ကန်မှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ဂ)နှင့် အခြားဥပဒေတို့ဖြစ်သည်။

၎င်းပုဒ်မများဖြင့် တရားစွဲဆိုအမှုဖွင့်ခံရသူများမှာ အရပ်သားပြည်သူ ၄၉၅ ဦး၊ တက်ကြွလှုပ်ရှားသူ ၃၂၆ ဦး၊ သတင်းမီဒီယာ ၆၇ ဦး၊ နိုင်ငံရေးပါတီဝင် ၆၀ ဦး၊ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ် ၂၇ ဦး၊ အနုပညာရှင် ၂၄ ဦး၊ အစိုးရဝန်ထမ်း ၁၇ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၁၅ ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၇ ဦး၊ စီးပွားရေး လုပ်ငန်းရှင် ၇ ဦးနှင့် အခြား ၆ ဦးတို့ဖြစ်သည်။

ယင်းကြောင့် တရားစွဲဆိုမှုပြုလုပ်ရာတွင် တရားလိုပြုလုပ်တိုင်တန်းမှု အများဆုံးမှာ အစိုးရဖြစ်ပြီး ဒုတိယအများ ဆုံးမှာ အရပ်သားပြည်သူများဖြစ်သည်။ အရပ်သားပြည်သူများက တရားလိုပြုလုပ်တိုင်တန်းရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အစိုးရနှင့် NLD ပါတီ၊ USDP ပါတီစသည်တို့ကို ဝေဖန်ပြောဆိုသူများအား ကြားလူအနေဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့မှုများဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အလားတူ တရားစွဲဆိုမှုများသည် နှစ်အလိုက်တရိပ်ရိပ်မြင့်တင်လာသည်ကိုတွေ့ရှိရပြီး အစိုးရသက်တမ်း ဒုတိယ နှစ်အတွင်းဖြစ်ပွားခဲ့သည့် တရားစွဲဆိုမှုများသည် ပထမနှစ်ကထက်ဖြစ်ပွားမှု ၁၉ ရာခိုင်နှုန်းထပ်မံမြင့်တက်လာသည်ကိုတွေ့ရှိရသည်။

အစိုးရသက်တမ်းအတွင်း ဖြစ်ပွားမှုအများဆုံး တတိယမြောက်အုပ်ချုပ်ရေးနှစ်တွင်လည်း အစိုးရတာဝန်စတင်ထမ်းဆောင်သည့် ပထမနှစ်နှင့် နှိုင်းယှဉ်လျှင် ၄၉ ရာခိုင်နှုန်းဆက်လက်မြင့်တက်လာသည်ကို လေ့လာတွေ့ရှိရသည်။

အစိုးရသက်တမ်း လေးနှစ်မြောက်တွင် ပေါ်ပေါက်ခဲ့သည့်တရားစွဲဆိုမှုများမှာ တတိယနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အမှုအရေအတွက်နှင့် ကွာခြားမှုမရှိသော်လည်း ပထမနှစ်နှင့် နှိုင်းယှဉ်ပါက ၄၆ ရာခိုင်နှုန်းသိသိသာသာမြင့်တက်လာသည်ကို တွေ့ရှိရပါသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

Western News-WN


ဆက်စပ်စကားလုံများ : #ဝေဟင်အောင်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်