Western News – ဇူလိုင် ၃၁ ရက်
ပုဏ္ဏားကျွန်းမြို့ပြည်သူ့ဆေးရုံတွင် ၁၁ နာရီအတွင်း ကိုဗစ်ဖြင့် သေဆုံး သူ ၃ ဦးအထိရှိလာပြီး ရခိုင်တွင် တတိယလှိုင်း၌ ကိုဗစ်ဖြင့်သေဆုံးသူ ဇူလိုင် ၃၀ ရက်နေ့အထိ ၁၇၅ ဦးထိရှိနေလာနေပြီဖြစ်သည်။
ကိုဗစ်ကူးစက်ခံရပြီး သေဆုံးသူများမှာ အမျိုးသမီးများ ဖြစ်ကြပြီး ဇူလိုင် ၃၁ ရက်နေ့ယနေ့နံနက်ပိုင်း ၁ နာရီအချိန်တွင် ၁ ဦး၊ နံနက် ၄ နာရီတွင် ၁ ဦး၊ မနက်ပိုင်း ၁၁ နာရီတွင် ၁ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက Western News ကိုပြောသည်။
ဒေါက်တာအောင်စစ်ထွန်း က “ဒီနေ့ ကိုဗစ်နဲ့ သေဆုံးသူ ၃ ယောက်ရှိပါတယ်။အကုန်လုံးက အမျိုးသမီးတွေပါ။ အသက် ၉၆ တစ်ယောက်ရယ်၊ ပြီးတော့ ၅၈ နှစ် တစ်ယောက် အသက် ၇၃ နှစ်တစ်ယောက်ပါ” ဟုပြောသည်။

သေဆုံးသူ အားလုံးမှာ အမျိုးသမီးများ ဖြစ်ကြပြီး အသက် ၅၈ နှစ်အမျိုးသမီးတွင်သွေးတိုး၊ ဆီးချိုနှင့် အသက် ၇၃ နှစ်အမျိုးသမီးတွင် ဖျားခေါင်းခြင်၊ အသက်ရှူကြပ်ခြင်းနှင့် အသက် ၉၆ နှစ် အမျိုးသမီးသည်လည်း ကိုဗစ်ရောဂါဖြင့်သေဆုံးခဲ့ဟု ဒေါက်တာ အောင်စစ်ထွန်း ကပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် ကိုဗစ်တတိယလှိုင်း ဖြစ်ပွားမှုကြောင့် ကိုဗစ်အတည်ပြုလူနာ ၃၅ ဦးအထိရှိပြီး ဆေးကုသခံယူနေသူ ၁၆ ဦးရှိကာ ဆေးရုံမှဆင်းခွင့်ရသူ ၁၅ ဦးနှင့် သေဆုံးလူနာ ၆ ဦးရှိသည်ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာနမှပြောသည်။

လက်ရှိ သေဆုံးသွားသည့် လူနာ ၃ ယောက်လုံးမှာ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှဖြစ်ပြီး ညဉ့် ၁ နာရီကျော်နှင့် နံနက် ၁၁ နာရီအချိန် အတွင်းတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်အသင်း(PDYO)ဥက္ကဋ္ဌ ကိုလင်းမြတ်က Western News ကိုပြောသည်။
Western News – WN