test1

သံတွဲတွင် ဒုတိယအကြိမ်ရေ ၂ ပေခန့်နစ်မြုပ်နေ


Western News – သြဂုတ်လ ၁ ရက်

မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် ရခိုင်ပြည်နယ်၊ သံတွဲမြို့‌‌ပေါ်ရှိ ရပ်ကွက်တချို့တွင် သြဂုတ်လ ၁ရက်နေ့ နံနက်ပိုင်းအချိန်ခန့်မှစ၍ချောင်းရေများ ဒလဟောဝင်ရောက်လာကာ ရေ ၂ ပေခန့်နစ်မြုပ်နေသည်ဟု ဒေသခံများကပြောသည်။

သံတွဲတွင်ရေကြီးနေမှုမြင်ကွင်း

ရေနစ်မြုပ်နေသည့် နေရာများမှာ သံမြို့ရှိ (GTI)ကျောင်းရှိ သြဘာလမ်း အမှတ် ၁ ရပ်ကွက် ၊ခရိုင်ပြည်သူ့ဆေးရုံကြီးရှေ့ လမ်းမ ကြီး၊ သံတွဲ-ငပလီသို့သွားသည့်လမ်းမကြီး၊ ညောင်ပင်ဈေးရပ်ကွက်(အမှတ် ၄)ရပ်ကွက်တို့တွင် ရေ ၂ ပေခန့်နစ်မြုပ်နေခြင်းဖြစ်သည်ဟု သံတွဲမြို့ခံ ကိုသောင်းထွန်းကပြောသည်။

“ဒီနေ့မနက်ကစလို့ ချောင်းရေတွေဝင်လာနေတာ။ အခုတော့ရေက ၂ ပေလောက်မြုပ်နေပြီ။ သံတွဲမြို့က မြေနိမ့်တဲ့ နေရာတွေမှာရေမြုပ်နေတာ။ GTI ကျောင်းရှေ့လမ်း၊ ဆေးရုံကြီးရှေ့လမ်း၊ သံတွဲ-ငပလိကိုသွားတဲ့ လမ်း၊ အမှတ် ၄ နဲ့ အမှတ် ၁ ရပ်ကွက်တို့မှာ အခုရေမြုပ်နေတာ။ ကျွန်တော်တို့မိသားစုဆိုရင်လည်း ရေမြုပ်လာလို့ နေရာရွေ့ပြောင်းနေရတယ်” ဟု ပြောသည်။

သံတွဲတွင်ရေကြီးနေမှုမြင်ကွင်း

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့၌လည်း သံတွဲတစ်မြို့နယ်လုံးတွင် ၁၀ပေမှ ၁၅ ပေခန့်အထိ ရေနစ်မြုပ်သွားခဲ့ပြီနောက် တစ်ရက်အကြာ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းတွင် ရေပြန်ကျသွားခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

Western News-WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်