Western News-သြဂုတ် ၁ ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်းကြောင်း စစ်ကောင်စီက ယနေ့ သြဂုတ်လ ၁ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယနေ့ အိမ်စောင့်အစိုးရအဖြစ် ပြင်ဆင်ဖွဲ့စည်းရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
Western News-WN