test1

ရခိုင်တွင် ကိုဗစ်ဖြင့် သေဆုံးသူ ၂၁၄ ဦးထိရှိလာ


Western News – သြဂုတ်လ ၂ ရက်

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးသူ ၂၁၄ ဦးထိရှိလာပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သြဂုတ် ၁ ရက်နေ့ထိ စာရင်းအရအား ယနေ့ထုတ်ပြန်သည်။

ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ထုတ်ပြန်ချက်တွင် ရခိုင်တွင် ကိုဗစ်တတိယလှိုင်းစတင်ဖြစ်ပွားသည့် မေလ ၁၂ ရက်မှ သြဂုတ်လ ၁ ရက် ညနေ ၅ နာရီအချိန်ထိ ကိုဗစ်ကြောင့် သေဆုံးသူ ၂၁၄ ဦးနှင့် ကိုဗစ်ကူးစက်ခံရသူ ၂၈၀၈ ဦးထိရှိကြောင်းဖော်ပြထားသည်။

ကိုဗစ်ပိုးတွေ့ရှိသူများထဲမှ ၁၉၆၇ ဦးမှာ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီး လက်ရှိဆေးကုသမှု ခံယူနေရသူစုစုပေါင်းမှာ ၈၄၁ ဦးထိရှိကြောင်းလည်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကထုတ်ပြန်ထားသည်။

ရခိုင်တွင် ကိုဗစ်ပထမလှိုင်းနှင့်ဒုတိယလှိုင်းအတွင်း သေဆုံးသူ ၃၇ ဦးသာရှိခဲ့သော်လည်း ယခုတတိယလှိုင်းစတင်ဖြစ်ပွားသည့် ၃ လနီးပါးအတွင် သေဆုံးသူဦးရေမှာ ၆ ဆထိမြင့်တက်လာခဲ့ပြီလည်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်အမျိူးသားအဖွဲ့ချုပ် ULA က ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့ထိ နေအိမ်အတွင်း Stay at Home နေထိုင်ကြရန် ဇူလိုင်လ ၂၀ ရက်နေ့က ထုတ်ပြန်ထားသည်။

Western News- WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်