ပေါက်တော အောက်ဆီဂျင်အိုးတိမ်းမှောက်
test1

ပဒါန်းသို့သွားသည့် ပေါက်တောမြို့ အောက်ဆီဂျင်သယ်ယူရေးကား ဖားပြိုတံတားအနီးတွင် တိမ်းမှောက်


Western News -သြဂုတ်လ ၄ ရက်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မှ ပဒါန်းသို့သွားသည့် ပေါက်တောမြို့အောက်ဆီဂျင်သယ်ယူရေးကား ယနေ့ သြဂုတ် ၄ ရက် နံနက် ၉ နာရီအချိန်က မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာတံတားအနီးတွင် တိမ်းမှောက်ခဲ့ကြောင်းသိရသည်။

ကားတိမ်းမှောက်မှုကြောင့် ကားပေါ်တွင် စီးနင်းလိုက်ပါသွားသည့် လူ ၄ ဦးဒဏ်ရာအနည်းငယ်ရရှိခဲ့သည်ဟု ပေါက်တောမြို့နယ်အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ဆပ်ကော်မတီ အထွေထွေအတွင်းရေးမှူး ကိုအောင်ကျော်ထွီးက Western News ကိုပြောသည်။

ရခိုင်ပြည်နယ် ပေါက်တောမှ အောက်ဆီဂျင်အိုးများ သယ်ဆောင်လာသည့်ကား ရိုးတောင်တွင် တိမ်းမှောက်

” ၉ နာရီလောက်ကမှောက်တာ။ ကားထဲမှာ လူလေးယောက်ပါတယ်။ ကျနော်တို့ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအဖွဲ့က နှစ်ယောက်ရယ်၊ ကားဒရိုင်ဘာ နှစ်ယောက်ရယ်ပေါ့။ ဒဏ်ရာတွေကတော့ သိပ်မပြင်းထန်ဘူး” ဟုပြောသည်။

အဆိုပါ ဒဏ်ရာရှိခဲ့သူများကို မင်းပြားပြည်သူ့ဆေးရုံသို့ယူဆောင်သွားပြီး လက်ရှိတွင်ဆေးကုသမှုခံယူ နေရကြောင်း သိရသည်။ တိမ်းမှောက်သွားသည့်နေရာသို့ မင်းပြားမြို့သွေးလှူရှင်များအသင်း၊ ကျိန်းရိပ်ဂရုဏာ အောက်ဆီဂျင် ကူညီရေးအဖွဲ့တို့မှ လာရောက် ကူညီဆောင်ရွက်ပေးနေေကြာင်း အဆိုပါနေရာသို့ရောက်ရှိနေသည့် ကိုအမ်းသားကြီးက ပြောသည်။

ရခိုင်ပြည်နယ် ပေါက်တောမှ အောက်ဆီဂျင်အိုးများ သယ်ဆောင်လာသည့်ကား ရိုးတောင်တွင် တိမ်းမှောက်

ပေါက်တောမြို့နယ်အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးဆပ်ကော်မတီ ကိုဗစ်တတိယလှိုင်းစတင်ဖြစ်ပွားသည့် အချိန်ကတည်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ပေါက်တောဆေးရုံတွင် အောက်ဆီဂျင်လုံးဝပြတ်တောက်နေကာ တစ်ရက်လျှင် အောက်ဆီဂျင် ၁၅ လုံးခန့်သုံးစွဲနေရကြောင်းအထွေထွေအတွင်းရေးမှူး ကိုအောင်ကျော်ထွီးက Western News ကိုပြောသည်။

Western News- WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်