test1

ရခိုင်တွင် ကိုဗစ်ဖြင့် သေဆုံးသူ ၂၃၉ ဦးထိရှိလာ


Western News- ဩဂုတ် ၄ ရက်

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်းသေဆုံးသူ ၂၃၉ အထိရှိလာသည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ဩဂုတ်လ ၄ ရက် ယနေ့ထုတ်ပြန်သည်။

ပြည်နယ် ပြည်သူကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ရခိုင်တွင် ကိုဗစ်တတိယလှိုင်းစတင်ဖြစ်ပွားသည့် မေလ၁၂ ရက်မှ ဩဂုတ်လ ၃ ရက် ညနေ ၅နာရီအထိ ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးသူ ၂၃၉ ဦးနှင့် ကူးစက်ခံရသူ ၃၀၂၁ ဦးထိရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုဗစ်ကူးစက်သူများ ထဲမှ ၂၀၀၈ ဦးမှာ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရခဲ့ပြီး လက်ရှိဆေးကုသမှု ခံယူနေရသူစုစုပေါင်းမှာ ၇၇၄ ဦးထိရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် ဇူလိုင်လ အတွင်းကိုဗစ်ဖြင့် သေဆုံးသူ ၁၉၃ ဦးထိရှိခဲ့ပြီး ဩဂုတ်လတွင်သေဆုံးသူ ၄၆ ဦး ရှိလာပြီဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ပထမလှိုင်းနှင့်ဒုတိယလှိုင်းတွင် သေဆုံးသူ ၃၇ဦးသာ ရှိခဲ့ပြီး တတိယလှိုင်းတွင် သေဆုံးသူ ၆ ဆကျော်မြင့်တက်လာခဲ့သသည်။ရခိုင်ပြည်နယ်တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA ကဇူလိုင် ၂၀ ရက်နေမှ ဩဂုတ်လ ၄ ရက်နေ့ထိနေအိမ်အတွင်းStay at Home နေထိုင်ကြရန် ဇူလိုင်လ ၂၀ ရက်နေ့ကထုတ်ပြန်ထားသည်။

Western News-WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်