anp
test1

ဧည့်စာရင်းတိုင်ရခြင်းနှင့် လမ်းသွားလမ်းလာများအား စစ်ဆေးခြင်းတို့ ဆက်လက်မလုပ်ရန် ANP တောင်းဆို


Western News – ဩဂုတ်၊ ၁၀ ရက်

Covid ကြောင့်စိတ်ထိခိုက်နေရသောပြည်သူများကို စိတ်မလုံခြုံဖြစ်အောင် ဧည့်စာရင်းတိုင်ကြား စေခြင်း လမ်းသွား လမ်းလာများအား စစ်ဆေးခြင်းစသည့် မလိုလားအပ်သော အရာများကိုဆက်လက်မပြုလုပ်ရန် ရခိုင်ပြည်နယ်ရှိ ပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)မှတောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်အစိုးရထံသို့ ပြည်သူများ ခံစားနေရသည့် အကျပ်အတည်းများကိုဖြေရှင်းပေးရန် တောင်းဆိုထားသော အိတ်ဖွင့်ပေးစာကို ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့၌ ရခိုင်အမျိုးသားပါတီ၏ ဥက္ကဋ္ဌ ဦးသာထွန်းလှ လက်မှတ်ရေးထိုး ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် Covid ကာလအတွင်းပြည်သူများ စားနပ်ရိက္ခာအခက်ခဲဖြစ်နေကြရပြီး အချင်းချင်းသာ ကူညီထောက်ပံ့မှုများပြုလုပ်နေကြသော်လည်း ပြည့်စုံလုံလောက်မှုမရှိသည့်အတွက် ပြည်နယ်အစိုးရတစ်ရပ်အနေ ဖြင့်ထိုကိစ္စအားဖြေရှင်းပေးရန်လိုကြောင်းနှင့် ရခိုင်ပြည်ရှိ စစ်ရှောင်စခန်းများသို့ နိုင်ငံတကာမှထောက်ပံ့သည့် အကူညီများအား ပိတ်ပင်ထားခြင်းကိုလည်း အစိုးရအနေဖြင့် အစီစဉ်ချပြီး ဖြေရှင်းပေးရန်လိုကြောင်း ပါရှိသည်။

ယင်းအပြင် အစိုးရအနေဖြင့် ပြည်သူများစားသောက်နေထိုင်ရေးအခက်အခဲများကို ဖြေရှင်းရန်စီစဉ်ခြင်းမရှိဘဲ လုံခြုံရေး၊ စစ်ဆေးရေး လုပ်ငန်းစဉ်များကိုသာ ဦးစားပေးဆောင်ရွက်နေသည်ကိုသာတွေ့မြင်နေရကြောင်း စားသောက်ရေးအခက်အခဲကို လုံခြုံရေး စစ်ဆေးရေးများဆောင်ရွက်ခြင်းဖြင့်မဖြေရှင်းနိုင်ကြောင်း ဖော်ပြထား သည်။

ရခိုင်တွင်လက်ရှိအချိန်ထိ ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းများတွင် စစ်ဆေးရေးများရှိနေသေးခြင်းမှာ အလုပ်အကိုင်များ၌လည်း အခွင့်အလမ်းဆုံးရှုံးရခြင်း ကုန်ဈေးနှုန်းကြီးမားခြင်း စသောဒဏ်များကိုဖြစ်စေခြင်း ကြောင့် အစိုးရတစ်ရပ်အနေဖြင့် တာဝန်ယူဖြေရှင်းပေးရန်လိုကြောင်းနှင့် ထိုသို့လုပ်ဆောင်ပေးခြင်းမရှိပါက ပြည်သူလူထု၏အားကိုးရသောအစိုးရမဖြစ်ဘဲ အမည်ခံသက်သက်သာဖြစ်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက် တွင်ရေးသားထားသည်။

Western News- WN


ဆက်စပ်စကားလုံများ : #ကိုဗစ်#ရက္ခိုင့်တပ်တော်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်