firing in A pauk Wa Village
test1

ကျောက်တော်မြို့နယ် အပေါက်ဝစျေးကော်မတီနှင့် စျေးသည်တစ်ချို့ကိုတပ်က တွေ့ဆုံရန် အကြောင်းအကြား


Western News – ခိုင်ဇော်ထွန်း
ဒီဇင်ဘာ ၂၄ ရက်

ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့က စျေးအတွင်းရောင်းချနေသည့်သူများထံမှ သား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို ကျေးရွာအတွင်းနေထိုင်သည့် တပ်မတော်သားတစ်ချို့မှ ငွေမပေးဘဲယူဆောင်သွားသည်ဟု ကျေးရွာသားများကပြောဆိုကြသည်။

ယင်းသို့သတင်းများထွက်ပေါ်ပြီးနောက်ပိုင်း ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ ဒေါင်းတော်ယိုးကျေးရွာအနီးရှိ စကခ(၉)တပ်ရင်းမှ စျေးကော်တီဝင်များနှင့် စျေးသည်များကိုတွေ့ဆုံ ရန်အကြောင်းကြားလာသည်ဟု စျေးကော်မတီဥက္ကဌ ဦးစံလှိုင်ကပြောသည်။

ကျွန်တော်တို့ကို ကျောက်တော် စကခ ၉ တပ်ရင်းက မနက်ဖြန်မှာလာတွေ့ဖို့ခေါ်ထားတယ်။ ပစ္စည်းယူဆောင်ခြင်းခံခဲ့ရတဲ့ စျေးသည်တွေနဲ့ စျေးကော်မတီကိုတွေကိုပေါ့။ အဲဒီ စကခ ၉ က မြို့နယ် ထွေ /အုပ်ကိုအကြောင်းကြားတယ်။ အဲဒီကနေ တစ်ဆင့် ကျွန်တော်တို့ရွာမှာကျနေတဲ့ ရပ်/ကျေးစာရေးကို ဖုန်းဆက်လာတယ်လို့ စာရေးကပြောတယ်။ မနက်ဖြန်ထမင်းစားပြီးရင် ကျွန်တော်တို့သွားမယ်။ စျေးသည်တွေကိုလည်း ကျွန်တော်ခေါ်ထားပြီးပြီ

စျေးကော်မတီဥက္ကဌ ဦးစံလှိုင်

စျေးသည်တစ်ချို့ထံမှ သား ၊ငါးနှင့် ဟင်းသီးဟင်းရွက်များကို ယူဆောင်ခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့ကလည်း စျေးကော်မတီဥက္ကဌနေအိမ်သို့ တပ်မတော်သားများရောက်လာပြီး စျေးသည်များထံမှ အတင်းအဓမ္မပစ္စည်းများယူဆောင်ခြင်း မရှိကြောင်း၊ ကျေးရွာသားများကိုလည်း ဖမ်းဆီးနှိပ်စက်ခေါ်ဆောင်ခြင်းမရှိကြောင်းကို စျေးကော်မတီဥက္ကဌနှင့် စျေးသည်တစ်ချို့ကို လက်မှတ်ထိုးခိုင်းခဲ့ကြောင်းလည်း ဦးစံလှိုင်ကပြောသည်။

ဦးလေးဒီဟာမှာ လက်မှတ်ထိုးပေးပါဆိုပြီးတော့ စာရွက်ပေးတယ်။ ကျွန်တော်ဖတ်ကြည့်လိုက်တော့ ဘာပါသလဲဆိုရင် အမှတ် ၅၃၉ ခြေမြန်တပ်ရင်းမှ ရဲဘော်များသည် ကျေးရွာအတွင်းစျေးသည်တစ်ချို့ထံမှ အတင်းအဓမ္မတောင်းယူခြင်း၊ လုယူခြင်းမရှိသည့်အပြင် ကျေးရွာသားများကိုလည်းဖမ်းဆီးခေါ်ဆောင်သွားခြင်းမရှိပါဆိုပြီးပါတယ်။ ကျွန်တော့်ကိုလက်မှတ်ထိုးခိုင်းတော့ ကျွန်တော်လည်း ထိုးပေးလိုက်ရတယ်။ ကျွန်တော့်ဆီကိုရောက်လာတဲ့ အင်အားကတော့ ၈ ယောက်၊ ၉ ယောက်လောက်ရှိတယ်။ ဗိုလ်ကြီးနှစ်ဦးပါတယ်

ဦးစံလှိုင်

အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး ကျောက်တော်မြို့နယ် ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းအား ဆက်သွယ်ခဲ့ရာ အဆိုပါကိစ္စကို ကျေးရွာသားများမှ သူ့အားအကြောင်းကြားလာခြင်းမရှိသေးပဲ သူ့အနေဖြင့်လည်း တစ်စုံတစ်ရာ မှတ်ချက်ပေးစရာမရှိကြောင်းပြောဆိုသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းကလည်း ကျေးရွာအတွင်းမှလူငယ်တစ်ဦးဖြစ်သည့် မောင်အောင်နေဝင်း အသက်(၁၈)နှစ်သည် မိမိနေအိမ်အတွင်း သူငယ်ချင်းဖြစ်သူနှင့် ဖုန်းအားသွင်းနေစဉ် တပ်မတော်သားများ ရောက်ရှိလာပြီး သူ့ငယ်ချင်းဖြစ်သူကို တံခါးဖွင့်ရန်ခိုင်းပြီး သူ့ကိုမီးဖွင့်ရန်ပြောကာ မိဘအမည်များအားမေးမြန်းပြီးနောက် အကြောင်းမဲ့ရိုက်နှက်ခဲ့သည်ဟုရိုက်နှက်ခံရသည်ဟု လူငယ်ကကိုပြောဆိုထားသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်