test1

မြတန်ဆောင်စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွင် ကျောင်းသားများ ပညာသင်ရန်အခက်အခဲကြုံနေရ


Western News-သြဂုတ် ၁၀ ရက်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြတန်ဆောင်စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွင် မူလတန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ကျောင်းသူ/ သားတွေပညာသင်ရာတွင် လိုအပ်သောသင်ထောက်ကူပစ္စည်းတွေဝယ်ယူရန်ငွေကြေးလုံလောက်မှုမရှိသောကြောင့် အခက်အခက်ဖြစ်နေကြရသည်ဟု စခန်းတာဝန်ခံများမှပြောသည်။

အဆိုပါစစ်ဘေးဒုက္ခသည်စခန်းရှိကျောင်းသူ/သား(၃၆၀) ဦးရေ ပညာသင်ကြားနိုင်ရန်အတွက် ပညာရေးသင် ထောက်ကူပစ္စည်းများ လိုအပ် အရေးပေါ်လိုအပ်နေသလို ဆရာ/မများထောက်ပံံကြေးပေးရန်ငွေကြေးများအားလည်းလိုအပ်နေသည်ဟု မြတန်းဆောင် ဆရာတော်ကမိန့်သည်။

စခန်းတာဝန်ခံမြတန်းဆောင်ဆရာတော်ဦးနန္ဒသာရက “အဓိကလိုအပ်တာက(TextBook) ပြဌာန်းစာအုပ်။ ကျောင်းဆရာ/ မတွေရဲ့ လစာ ပေးဖို့အတွက်ငွေကြေးကမလုံလောက်ဘူး။ ပြီးတော့ ကျောင်းသား/သူတွေပညာသင်ဖို့စာသင်ဆောင်တွေ လိုအပ်နေတယ် ”ဟုပြောသည်။

၎င်းစစ်ဘေးရှောင်ဒုက္ခည်စခန်းတွင်  KG တန်းကနေအထက်တန်းအထိကျောင်းသူ/သားတို့မှာ မူလတန်း( ၁၇၆)ဦး ၊ အလယ်တန်း ( ၁၃၃ ) ဦးနဲ့ အထက်တန်း( ၅၁) ဦးရှိသည်။

မြတန်းဆောင်စစ်ဘေးရှာင်စခန်းတွင် ပညာရေးအပြင်ကျန်းမာရေးစောက်ရှောက်မှုလည်းအားနည်းနေ၍ စခန်းရှိ စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ (၂၀၈) ဦးတွင် ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေသည်ဟု စခန်းတာဝန်ခံများမှပြောသည်။

စခန်းတာဝန်ခံမြတန်ဆောင်းဆရာတော်က “စခန်းကိုအစိုးရသူနာပြုတစ်ဦးကလာကူးသပေးတယ်။ ဒါပေမဲ့အမြဲတမ်းတော့သူမလာဘူး။ တစ်ခါတလေဆိုရင် တစ်ပတ်၊ တစ်လကြာတယ်သူရောက်မလာဘူး။ ဒါကြောင့် စခန်းမှာရာသီတုပ်ကွေးရာဂါ ၂၀၈ ယောက်ဖြစ်နေ တယ်။ အခုဆိုရင်သူတို့က အဆင်ပြေသလိုဆေးကုသနေကြရတယ်”လို့ပြောပါတယ်။

အခုကဲ့သို့ ကျောင်းသားသူ/ ကျောင်းသားများလိုအပ်ချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် ပညာရေးဌာနနှင့် ပြည်သူ့ ကျန်းမားရေးဌာနသို့ တင်ပြထားသော်လည်း တစ်စုံတစ်ရာတုန့်ပြန်ဆောင်ရွက်များမရှိသေးဘူးဟု ဆရာတော်မှမိန့်သည်။

ပြီးခဲသော ၂၀၁၈ ခုနှစ် ဒီဇင်လကနေ ယနေ့အချိန်အထိ တပ်မတော်နဲ့ရက္ခိုင့်တပ်တော်အေအေတို့တိုက်ပွဲဖြစ်ပွားတာကြောင့် မော်ရွာသစ်၊ ဘုရားအုပ်၊ ပေါက်တောပြင်၊ ဘောင်းဒွတ်၊ ကြာချီ၊ချောင်းသစ်၊ ပန်းမြောင်း၊ကျောင်းတောင် ၊ သာစည်၊သလူးချောင်း၊ ဘုရားကြီး၊ဝေသာလီ၊ သရက်အုပ်၊ ရွှေပြည်သစ် (ကျောက်တော်)၊ အလယ်ကျွန်း ၊ လက္ကာ၊ဘူးရွက်မညိုးကျေးရွာစတဲ့ ကျေးရွာပေါင်း (၁၇)ရွာကအိမ်ထောင်စု(၂၈၉)စုက ကျား(၅၀၀)ဦး၊ မ(၆၀၄)ဦး စုစုပေါင်းလူဦးရေ (၁၁၀၄)ဦးအဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်နေကြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (အေအေ)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတာကြာင့် နေရပ်စွန့်ခွာ ထွက်ပြေးနေ ကြရသောစစ်ဘေးရှောင်ဒုက္ခသည်ဦးရေမှာ (၂)သိန်းနီးပါးရှိလာနေသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းရုံး (REC) ထုတ်ပြန်ထားသည်။

Western News-


ဆက်စပ်စကားလုံများ : #စစ်ဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်