STUNDENT UNION
test1

တပ်မတော်၏ လုံခြုံရေးအကြောင်းအရာများကို Facebook တွင် ဖော်ပြခဲ့သည် ဟုဆိုကာ ကျောင်းသား တစ်ဦးကိုထောင်ဒဏ် ၅ နှစ်ချမှတ်


Western News – ခိုင်ဇော်ထွန်း
ဒီဇင်ဘာ ၂၅ ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စစ်တောကျေးရွာမှ ၁၀ တန်း ကျောင်းသားတစ်ဦးကို တပ်မတော်၏ လုံခြုံရေး အကြောင်း အရာများကို Facebook တွင်ဖော်ပြခဲ့သည်ဟုဆိုကာ တရားစွဲဆိုခံခဲ့ရပြီးနောက် ကျောက်ဖြူမြို့နယ်တရားရုံးက ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့သည်။

ထောင်ဒဏ်ချမှတ်ခံရသည့် လူငယ်မှာ စစ်တောကျေးရွာမှ မောင်တင်ချမ်း အသက်(၁၉)နှစ်ဖြစ်ပြီး သူသည် ဂျပန်ခေတ်က ရခိုင်သားချေ Facebook အကောင့်ကိုအသုံးပြုကာ တပ်မတော်၏ လုံခြုံရေးနှင့် ပတ်သတ်သည့် အကြောင်းအရာများကို ဖော်ပြသည်ဟုဆိုကာ ၁ နှစ်နှင့် ၅ လကြာ တရားရင်ဆိုင်ခဲ့ရပြီးနောက် ထောင်ဒဏ် ၅ နှစ်ချမှတ်ခံလိုက်ရခြင်းဖြစ်ကြောင်း အမှုလိုက်ဆောင် ရွက်ပေးနေသည့်ရှေ့နေ ဦးဦးညွန့်မောင် က Western News ကိုပြောသည်။

မောင်တင်ချမ်းကို ကျောက်ဖြူဓညဝတီရေတပ်ဌာနချုပ်မှ ရေယာဉ်များကို AA အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ရန် တိုက်တွန်းခြင်း၊ ခေါ်ယူခြင်းများကို သူ၏ ဖေ့စ်ဘုတ်စာမျက်နှာ၌ အသုံးပြုကာဆောင်ရွက်ခဲ့သည်ဟုဆိုပြီး ဗိုလ်ကြီးပြည့်ဖြိုးကျော်မှ တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း ရှေ့နေဦးဦးညွှန့်မောင် ကပြောသည်။

တိုင်တန်းခဲ့ပြီးတော့ ၂၉ ရက် ၇ လ ၂၀၁၉ ခုနှစ်မှာ သူ့ကို ရဲကဖမ်းဆီးခဲ့တယ်။ ၂၂ ရက် ၈ လ ၂၀၁၉ နှစ်မှာ တရားရုံးကို တင်ပို့ခဲ့တယ်။ အဲဒီ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ ဥပဒေရေးရာကုစားရေး(မြန်မာ)က ဖမ်းဆီးခံရသူဖက်က နေ ပြီးအမှုလိုက်ပေးခဲ့တယ်။ ဒီလ ၂၃ ရက်နေ့ ကျောက်ဖြူမြို့နယ်တရားရုံးက ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တယ်

ရှေ့နေဦးဦးညွှန့်မောင်

မောင်တင်ချမ်း၏ မိခင်ဖြစ်သူ ဒေါ်သီတာဖြူက သားဖြစ်သူမှာ ၁၀ တန်းကျောင်းသားတစ်ဦးဖြစ်ပြီး ကျောင်းတက်နေစဉ်အချိန်အတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ယခုလိုထောင်ဒဏ်ချမှတ်မှုအပေါ်လည်း မတရားချမှတ်ခြင်းသာဖြစ်ကြောင်း ပြောဆိုသည်။

ကျွန်မသားလေးက AA နဲ့ဆက်စပ်မှုမရှိဘူး။ သူ့ကိုကျွန်မတို့ ကျောက်ဖြူမှာကျောင်းတက်ခိုင်းခဲ့တယ်။ သူကကျန်းမာရေးမကောင်းတော့ ဆယ်တန်း ၂ နှစ်မဖြေလိုက်ရဘူး။ ဆိုတော့ရွာမှာ ကျောင်းမှာတက်ခိုင်းခဲ့တယ်။ ဒီလိုနဲ့ပဲ သူကကျောင်းကဆင်းလာတဲ့အချိန်မှာဖမ်းသွား တယ်။ ဒီလိုထောင်ချလိုက်တာကများတယ်။ သူ့တို့ကျွန်မသားကို မတရားထောင်ချတာ။ ကျွန်မဘယ်လိုနည်းနဲ့မှ မကျေနပ်နိုင်ဘူး

ဒေါ်သီတာဖြူ


Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်