test1

ရွှေပြည်တန် ခရီးစဉ်များ အားလုံးကို လာမည့် စက်တင်ဘာလ ဒုတိယ အပတ်တွင်ပြန်လည်ပြေးဆွဲမည်


Western News

ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်နေ့မှစ၍ ကိုဗစ် ၁၉ ရောဂါကြောင့် ရက်အကန့်အသတ်မရှိ ယာယီရပ်နားထားရသည့် ရွှေပြည်တန်အမြန်ရေယာဉ်မှ ပြေးဆွဲနေသည့် ရေကြောင်းများကို လာမည့် စက်တင်ဘာလ ဒုတိယအပတ်ခန့် တွင် ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း တာဝန်ရှိသူကပြောသည်။

ရွှေပြည်တန်အမြန်ရေယာဉ်မှ လက်ရှိတွင် စစ်တွေမှ ပေါက်တော၊ မြောက်ဦး၊ မင်းပြားမြို့နယ်များကို ဩဂုတ်လ ၂၄ ရက်နေ့မှစ၍နေ့ တိုင်းပုံမှန် ပြန်လည် ပြေးဆွဲနေပြီဖြစ်သည်။

လာမည့် စက်တင်ဘာ ဒုတိယအပတ်ခန့်တွင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်နီမော် ခရီးစဉ်လာ ၁ ပတ်လျှင် ၁ကြိမ်ကျစီနှင့် ရသေ့တောင်၊ဘူး သီးတောင်ခရီးစဉ်ကို ၁ ပတ်လျှင် ၃ ရက်ပြေးဆွဲတော့မည်ဟု ရွှေပြည်တန်အမြန်ရေယာဉ် မန်နေဂျာဦး စံမော်သိန်း ကပြောသည်။

“ခုလာမယ့် စက်တင်ဘာ ၂ ရက်နေ့ တောင်ကုတ်ကနေ စစ်တွေ အထူးခရီးစဉ် က လဝကစာမေးပွဲဖြေမယ့်သူတွေ အသွားအလာခက်ခဲလို့ ပြေးဆွဲပေးတာပါ။ စစ်တွေကနေ တောင်ကုတ်ဖက်တွေကို လာမယ့် စက်တင်ဘာလ ဒုတိယ အပတ် လောက်ကို စပြီးပြေးဆွဲမှာပါ။ ခရီးသည်တွေ လိုက်ပါဖို့မေးမြန်းတာတွေလည်းအားနည်း နေပါသေးတယ်။ ၁ ပတ်ကို ၁ ရက် ၂ ရက်လောက်ပဲပြေးဆွဲပါမယ်။ ရသေ့တောင်နဲ့ဘူးသီးတောင်လည်း တောင်ကုတ်ခရီးစဉ်တွေနဲ့ တူတူပါပဲစထွက်မယ့်ရက်ကလေ။ အဲ့ဖက်ကိုတော့ တစ်ပတ်ကို ၃ ရက်လောက်ထွက်ပါမယ်”ဟုပြောသည်။

ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းမှ ပြေးဆွဲနေသည့်ရေကြောင်းလိုင်းများမှာ စစ်တွေမှ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်နီမော်တို့ဖြစ်ပြီး ယင်းခ ရီးစဉ်များကို ကိုဗစ်ကြောင့် ဇူလိုင် ၂၀ ရက်နေ့က ယာယီရပ်နားခဲ့ခြင်းဖြစ်သည်။

ရခိုငပွှညနွယတွှငွ လကရွှိ ပှေးဆှဲနသညေ့ွ ရယောဉမွှားမှာ ရှှပှညတွေနွ၊ ရှနဒေီ၊ မငွးပှား အဉစြနနဒီ၊ ကဈဆပနဒီ၊ မလိခ၊ စသည့ရွယောဉလွိုငွးမှား အဓိကပှေးဆှဲလကှရွှိသညွ။အဆိုပါရလေိုငွး မှားကိုလညွး ကိုဗဈကှောင့ွ ရကအွ ကန့အွသတမွရှိ ပှေးဆှဲမှုမှား ရပတွန့ထွားကှသညွ။

Western News- WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်