Covid news
test1

ဂွတွင် တစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၂၈ အထိရှိလာ၊ ရခိုင်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှု အများဆုံးဖြစ်လာ


Western News -ဩဂုတ် ၃၁ ရက်

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ဩဂုတ် ၂၄ ရက်နေ့မှ ဩဂုတ်၃၁ ရက်အထိ တစ်ပတ်အတွင်းကိုဗစ်အတည်ပြုလူနာ ၁၂၈ ဦးအထိရှိလာပြီး ရခိုင်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၇၉၆ ယောက်ဖြင့် ကူးစက်ခံရမှုအများဆုံးမြို့နယ်ဖြစ်လာသည်ကို လေ့လာတွေ့ရှိရသည်။

ယနေ့ဩဂုတ်လ ၃၁ ရက်နေ့၊ နေ့လည် ၁၂ နာရီအထိ ကိုဗစ်အတည်ပြုလူနာ ၁၆ ယောက်ရှိနေပြီဖြစ်ပြီး၊ သံတွင်မြို့နယ်တွင် ကိုဗစ်အတည်ပြု သေဆုံးလူနာ ၁၉ ဦးနှင့် ဆေးရုံမှပြန်ဆင်းခွင့်ရသူ ၆၄၈ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ဆေးရုံအုပ်ဒေါက်တာ ကောင်းစံမြတ်က Western New ကိုပြောသည်။

“ဒီနေ့က ကိုဗစ်အတည်ပြုလူနာ ၁၆ ဦးရှိပါတယ်။ မြို့ပေါ်က လူတွေပါသလို ရွာတွေကလူတွေလည်း ပါတယ်။ ဂွမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၇၉၆ ယောက်ရှိပြီး သေဆုံးလူနာ ၁၉ယောက်ရှိကာ ဆေးရုံးမှပြန်ဆင်းခွင့်ရသူ ၆၄၈ ဦးအထိရှိပါပြီ။ အခု ဆေးရုံမှာ အောက်ဆီဂျင်ပေးထားရတဲ့ အရေးပေါ်လူနာ ၁၀ဦးလောက်တော့ရှိတယ်။ အောက်ဆီဂျင်ကတော့ သံတွဲကနေအတက်နိုင်ဆုံးလုံလောက်မှုရှိအောင်ကြိုးစားနေကြပါတယ်။ တခါတလေ မှာတော့ လိုအပ်တာတွေတော့ရှိပါတယ်” ဟု ဒေါက်တာကောင်းစံမြတ်ကပြောသည်။

ဂွမြို့နယ်တွင် ကိုဗစ်ကူစက်ခံရလူနာ မြင့်တက်လာသောကြောင်း မြို့နယ်အုပ်ချူပ်ရေးမှူးက ၂၀၂၁ခုနှစ်၊ ဩဂုတ် ၂၅ ရက်မှ နောက်ထပ် အမိန့်တစ်စုံတစ်ရာမထုတ်ပြန်မချင်း အသွားအလာကန့်သတ်ချက် (Stay at Home) ဒေသန္တရအမိန့်ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် ဩဂုတ်လ ၃၀ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ဂွမြို့နယ်တွင် ၇၉၆ ယောက်ဖြင့် ဂွမြို့နယ်က ကူးစက်မှု အမြင့်ဆုံးဖြစ်ပြီး၊ စစ်တွေမြို့နယ်တွင် ၆၄၉ ယောက်နှင့် ဒုတိယအများဆုံးဖြစ်ပြီး ကျောက်ဖြူမြို့နယ်တွင် ၅၀၇ ယောက်ဖြင့် တတိယအများဆုံး ဖြစ်ကြောင်း တွေ့ရှိရသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် ဩဂုတ်လ ၃၀ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၄၁၀၈ ဦးရှိပြီး သေးဆုံးလူနာ ၃၉၃ ယောက်နှင့် ကုသဆဲလူနာ ၂၈၂ ဦးရှိကာ ဆေးရုံးမှဆင်းခွင့်ရသူ ၃၄၃၂ ဦးအထိရှိပြီးဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

Western News-WN
ဓာတ်ပုံ-ဂွမြို့နယ် ကျန်းမာရေးဌာန


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်