ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုး
test1

ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ရုံးထုတ်စစ်ဆေး ပြီး လာမည့်ရုံးချိန်းတွင် သက်သေများထပ်စစ်မည်


ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ရုံးထုတ်စစ်ဆေး၊ လာမည့်ရုံးချိန်းတွင် သက်သေများထပ်စစ်မည်

ရက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ တောင်ကုတ်မြို့နယ်အမတ်ဟောင်း ဦးမင်းအောင်နှင့် ပါတီဝင် ကိုသန့်ဇင်ဖြိုးတို့ ယနေ့ စက်တင်ဘာ ၁၄ ရက်နေ့တွင် တောင်ကုတ်မြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ကို ဇူလိုင် ၂၆ ရက်နေ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့်စွဲချက်တင်ခဲ့ပြီး ကိုဗစ်ကာလများကြောင့် တရားရုံးများတစ်လကျော်ကြာပိတ်ထားရကာ ယနေတွင် ပြန်လည်စတင် စစ်ဆေးခြင်းဖြစ်သည်။ယနေ့ရုံးချိန်းတွင် ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့နှစ်ဦးအား အမှုနှစ်ခုစလုံးအတွက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး တရားခံပြသက်သေများကို လာမည့် ၁၆ ရက်နေ့ရုံးချိန်းတွင် စစ်ဆေးသွားမည်ဟု ဦးမင်းအောင်၏ အမှုလိုက်ရှေ့နေ ဒေါ်သိင်္ဂီမောင်က Western News ကိုပြောသည်။“ဒီနေ့တော့ ဦးမင်းအောင် ကို နှစ်မှုစလုံးအတွက် တရားခံစစ်တယ်။ ကိုသန့်ဇင်ဖြို့ကို စစ်တယ်။ ကိုမင်းအောင်ဖက်က သက်သေတွေနဲ့ ကိုသန့်ဇင်ဖြိုးဖက်က သက်သေတွေကို လာမည့် ၁၆ ရက်နေ့ရုံးချိန်းတွင်စစ်ဆေးမယ်။ အဲဒီသက်သေတွေ စစ်ဆေးပြီးရင်တော့ အပြီးသတ်အမိန့်အတွက် လျှောက်လဲချက် ပေးရတော့မှာပါ”ဟု ပြောသည်။ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့သည့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေက တောင်ကုတ်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံခဲရခြင်းဖြစ်သည်။ယင်းနောက်၎င်းတို့နှစ်ဦးကို တောင်ကုတ်မြို့မရဲစခန်းမှ ဒု ရဲမှူးဇော်လတ်က တရားလိုပြုလုပ်ကာ ငြိမ်စုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး သံတွဲခရိုင် သဘာဝဘေးအန္တရာယ်နှင့် ကာကွယ်ရေးပစ္စည်းထိန်းသိမ်းရေးဌာနမှ ဦးစီမှု ဒေါ်မဉ်ဇူသင်းက တရားလိုလုပ်ကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။လက်ရှိတွင် ဦးမင်းအောင်အားတောင်ကုတ် ခမရ ၅၄၄ တပ်ရင်းတွင်ဖမ်းဆီးထိန်းသိမ်းထားပြီး ကိုသန့်ဇင်ဖြိုးကို ကျန်းမာရေးဆေးထောက်ခံချက်ဖြင့်အပြင်မှ ရုံးချိန်းသွားနေရသည်။ ၄င်းတို့နှစ်ဦးအား ၁ လနှင့် ၁၈ ရက်ကြာရုံး ထုတ်းစစ်ဆေးခြင်းမရှိဘဲ ယနေ့ စက်တင်ဘာ ၁၄ ရက်နေ့မှသာ ပြန်လည်ရုံးထုတ်စစ်ဆေးခဲ့သည်။ဦးမင်းအောင်တွင် အဆိုပါ ပုဒ်မနှစ်ခုအပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အမှုသုံးခုကို ရခိုင်ပြည်နယ်တရားလွှတ်တော်တွင် ဆက်လက်ရင်ဆိုင်နေရသည်။


ဆက်စပ်စကားလုံများ : #NLD#ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်