Western News သတင်းဌာနသည် ရခိုင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်ပြီး စာနယ်ဇင်းနှင့် ပွင်းလင်းသောလူ့အဖွဲ့ အစည်းကိုတည်ဆောက်ရန် ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများ၊ တိုင်းရင်းသားမျိုးနွယ်စု အခွင့်အရေးများ၊ မတူကွဲပြားမှုကို တန်ဖိုးထားမှုများ၊ ဝေးလံခေါင်ဖျား အရပ်ဒေသများ အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားမှ သတင်းများကို စုံစမ်းဖော်ထုတ်နေသော သတင်းဌာနဖြစ်သည်။
လျှောက်လွှာပိတ်ရက် September 28, 2021
စဉ် | ရာထူး | ဦးရေ |
၁ | တာဝန်ခံအယ်ဒီတာ | ၁ |
၂ | ရုပ်သံသတင်းထောက် | ၁ |
၃ | သတင်းတင်ဆက်သူ (အမျိုးသမီး) | ၁ |
တာဝန်ခံအယ်ဒီတာ လျှောက်ထားသူအတွက် လိုအပ်သည့် အရည်အချင်းသတ်မှတ်ချက်များ
- သတင်းစာဆရာများဆိုင်ရာ ကျင့်ဝတ်များကို လေးစားလိုက်နာရမှာဖြစ်ပြီး၊ ရုံးမှချမှတ်ထားသည့် သတင်းစာဆိုင်ရာ စံတန်ဖိုးများကိုလည်း လေးစားလိုက်နာနိုင်ရမည်။
- သတင်းနှင့်ပတ်သက်သည့် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၅) နှစ် ရှိရမည်။
- ကွန်ပျူတာနှင့်ပတ်သက်ပြီး အောက်ပါကျွမ်းကျင်မှု များရှိရမည်။
- Microsoft office
- Adobe Photoshop, Adobe Premiere, Adobe InDesign
- Internet, Email
- သတင်းစာပညာရပ်များနှင့် ပတ်သက်သည့် ရေးသားမှုပုံစံများကို နားလည်ပြီး၊ မြန်မာစာအရေးအသား ကျွမ်းကျင် ရမည်။
- ဗွီဒီယိုရုပ်သံသတင်း၊ ရေဒီယိုသတင်းနှင့် ဒီဂျစ်တယ်သတင်းစာပညာများကို နားလည်သူ ဖြစ်ရမည်။
- အင်္ဂလိပ်စာအရည်အချင်း (Intermediate Level) ရှိရမည်။
- သတင်းအလုပ်ကိစ္စနှင့်ပတ်သက်၍ နယ်ဝေးခရီးသွားနိုင်သူဖြစ်ရမည်။
တာဝန်ခံအယ်ဒီတာ လျှောက်ထားသူအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုများ
- သတင်းခန်းကို ဦးဆောင်စီမံခန့်ခွဲရမည်ဖြစ်ပြီး၊ ဆက်စပ်သတင်းကွင်းဆက်များကို သတင်းထောက်များအား ကြီးကြပ် တာဝန်ပေးရမည်။
- ဒေသတွင်းဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်သည့် နိုင်ငံတကာ သတင်းထုတ်ပြန်ချက် များ၊ အစီရင်ခံစာများအား ပုံမှန်ဆက်သွယ်စောင့်ကြည့်ရမည်။
- မျက်မှောက်ရေးရာနှင့်ပတ်သက်သည့် ရုပ်သံ၊ သတင်းဆောင်းပါး၊ သုံးသပ်ချက်များကို ရေးသား ထုတ်လုပ်ရမည်။
- သတင်းထောက်များအား ကောင်းမွန်သော သတင်းများ ရေးသားထုတ်လုပ်နိုင်ရန်အတွက် လမ်းညွှန်ပြသရမည်။
- သတင်းထောက်များကို အနီးကပ်ကြီးကြပ်ပြီး အချိန်နှင့်တပြေးညီ သတင်းများအား ထုတ်လွှင့်နိုင်ရန် လုပ်ဆောင်ရမည်။
- လစဥ်အစီရင်ခံစာ (Monthly Report) တင်ပြရမည်။
ရုပ်သံသတင်းထောက် လျှောက်ထားသူအတွက် လိုအပ်သည့် အရည်အချင်းသတ်မှတ်ချက်များ
- ကွန်ပျူတာနှင့်ပတ်သက်ပြီး အောက်ပါကျွမ်းကျင်မှု များရှိရမည်။
- Microsoft Office
- Adobe Photoshop, Adobe Premiere, Adobe InDesign
- Internet, Email နှင့်လိုအပ်သော Applications များ
- Graphic Design
- ရုပ်သံသတင်းရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်းများကို ကျွမ်းကျင်နိုင်ရမည်။
- ရုပ်သံသတင်းထောက်သက်တမ်း အနည်းဆုံး (၂) နှစ်ရှိရမည်။
- ပူးပေါင်းဆောင်ရွက်မှုဖြင့် အလုပ်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
သတင်းတင်ဆက်သူ လျှောက်ထားသူအတွက် လိုအပ်သည့် အရည်အချင်းသတ်မှတ်ချက်များ
- သတင်းစာဆရာများဆိုင်ရာ ကျင့်ဝတ်များကို လေးစားလိုက်နာရမှာဖြစ်ပြီး၊ ရုံးမှချမှတ်ထားသည့် သတင်းစာဆိုင်ရာ စံတန်ဖိုးများကိုလည်း လေးစားလိုက်နာနိုင်ရမည်။
- ကွန်ပျူတာနှင့်ပတ်သက်ပြီး အောက်ပါကျွမ်းကျင်မှု များရှိရမည်။
- Microsoft office
- Internet, Email နှင့်လိုအပ်သော Applications များ
- အနည်းဆုံး တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူဖြစ်ရမည်။
- ရုပ်ရည်အသင့်အတင့်ရှိသူဖြစ်ပြီး အသက် ၁၈ နှစ်နှင့် ၂၈ နှစ်ကြား ရှိသူဖြစ်ရမည်။
- ပူးပေါင်းဆောင်ရွက်မှုဖြင့် အလုပ်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
အလုပ်လျှောက်ထားရန်လိုအပ်သည့်အချက်အလက်များ
- အလုပ်လျှောက်လွှာ
- ကိုယ်ရေးအကျဥ်း
- မှတ်ပုံတင်မိတ္တူ
- ပါတ်စ်ပို့ဓာတ်ပုံ
Email ဖြင့်သာ လျှောက်ထားရန်
[email protected]