tamadaw
test1

တပ်မတော်အနေဖြင့် ရခိုင်တွင် စစ်အင်အား တိုးချဲ့ခြင်းမရှိ၊ တိုက်ပွဲဖြစ်၊ မဖြစ် နှစ်ဖက်တပ်များအပေါ်မူတည်ဟု ဆို


Western News-ထွန်းသာ
ဒီဇင်ဘာ ၃၀ ရက်၊

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း စစ်အင်အား တိုးချဲ့ ဖြည့်တင်းမှုမရှိကြောင်း ယနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့ နေပြည်တော် စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းမှုတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်မှာ ကျနော်တို့အနေနဲ့က ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်မဖြစ်ပွားဖို့ပဲ ဆောင်ရွက်နေတာရှိတယ်။ စစ်အင်အား ဖြည့်တင်းနေတာ မရှိဘူးလို့ပဲ ပြောချင်တယ်။ စစ်အင်အား ဖြည့်တင်းတာရှိတယ်ဆိုရင် ဘာအထောက်အထားအရ ပြောတာလဲလို့ ကျနော်က ထပ်ပြီးမေးချင်တယ်

ဗိုလ်ချုပ် ဇော်မင်းထွန်း

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာနိုင်ဖွယ် ရှိ၊ မရှိ ဆိုသည်မှာလည်းတပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ နှစ်ဖက်တပ်များ၏ စောင့်စည်းမှုအပေါ်မူတည်ကြောင်း ၎င်းကဆက်ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနိုင်လား မဖြစ်ပွားနိုင်လားဆိုတာကတော့ ကျနော်ပြောလိုတာက နှစ်ဖက်လုံးအပေါ်မူ တည်လိမ့်မယ်။ နှစ်ဖက်လုံးရဲ့ဆက်လက် စောင့်ထိန်း စောင့်စည်းမှုအပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ပြောလိုပါတယ်

ဗိုလ်ချုပ် ဇော်မင်းထွန်း

တပ်မတော်အနေဖြင့် လက်ရှိ EAOs (လက်နက်ကိုင်တပ်ဖွဲ့များ) တည်ရှိနေသည့် နေရာနှင့်ပတ်သက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုလုပ်မည်မဟုတ်ဟု ပြောခဲ့ပြီးဖြစ်ကြောင်း မြစ်ကြီးနားတွင် KBC ဥက္ကဌနှင့်တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောသည်။


လက်ရှိအချိန်တွင် တပ်မတော် စစ်ရေယာဉ်များ ယခင်ကလို လက်နက်ကြီးလက်နက်ငယ်များပစ်ဖောက်ပြီး သွားလာလှုပ်ရှားမှု များမတွေ့ရသော်လည်း တပ်မတော်စစ်‌ကြောင်းတချို့ တစ်ခါတစ်ရံ ကျေးရွာအတွင်းသို့ ဝင်ရောက်လာခြင်းများရှိ‌ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်း ကပြောသည်။

ဟိုတလောကဆိုရင် သရီချောင်း ကမ်းခြေ ဘက်ကိုရောက်တယ်။ နောက်ပြီး အပေါက်ဝတို့လိုရွာကြီးတွေကို ဝင်ရောက်တာတွေ တော့ရှိတယ်

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်း

ထို့အပြင် ဒီဇင်ဘာ ၂၇ ရက်နေ့က မင်းပြားမြို့နယ်၊ သလူးချောင်းအနီးက မင်းဖူးတောင်ကို တပ်မတော် ရဟတ်ယာဉ် ၂ စီးမှ အသွားအပြန် ၄ ကြိမ်ခန့်ပျံသန်းခဲ့ကြောင်း ဒေသခံများ ပြောကြားချက်အရသိရသည်။


Western News- WN


ပေါက်တောပြင်ဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေးရှောင်များကို တပ်မတော်က ဝင်ရောက်စစ်ဆေးစဉ် လုံခြုံရေးယူထားသည့် တပ်မတော်သားတစ်ဦး။ ဓာတ်ပုံ – သဘာဝနဒီ


ဆက်စပ်စကားလုံများ : #စစ်ဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်