Western News
အခြေခံပညာသင်ကျောင်းများကို စက်တင်ဘာ ၂၇ ရက်နေ့မှ အောက်တိုဘာ ၂၄ ရက်နေ့အထိ ၁လ ထပ်တိုးပိတ်မည်ဟု ကိုဗစ် ၁၉ ကာကွယ်၊ ထိန်း ချုပ်၊ကုသရေးဗဟိုကောင်မတီမှ ယမန့်နေ့ စက်တင်ဘာ ၂၄ ရက်နေ့က ထုတ်ပြန်ကြေညာသည်။
ကိုဗစ် ၁၉ ကူစက်မှု ထိန်းချုပ်နိုင်ရန်အတွက် ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအားလုံးကို ပိတ်မည်ဖြစ်ပြီး သီတင်းကျွတ်ကျောင်းပိတ်ရက်များအပါအဝင် ၁ လထပ်တိုးပိတ်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။
မြန်မာ တစ်နိူင်ငံလုံးမှ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများအပါအဝင် အခြေခံပညာသင်ကျောင်းများအားလုံးကို ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ် တတိယလှိုင်းစတင်ဖြစ်ပွားသည့် ဇူလိုင် ၈ ရက်နေ့ ညနေပိုင်းကတည်းက ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။
Western News-WN