U Nyi Pu (formar rakhine minister)
test1

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် စွဲဆိုခံထားရသည့် ဦးညီပုအား လာမည့်ရုံးချိန်းတွင် အပြီးသတ် လျှောက်လဲမည်


Western News

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအား နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ) အတွက် ယနေ့ စက်တင်ဘာ ၂၈ ရက်နေ့ စစ်တွေမြို့နယ် တရားရုံးတွင် Video Conferencing ဖြင့် ရုံးတင်စစ်ဆေးခဲ့သည်။

ယနေ့တွင် ဦးညီပုအားစစ်ဆေးပြီး လာမည့်အောက်တိုဘာ ၅ ရက်နေ့ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးသွားမည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေ့သည့် တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်းက Western News ကိုပြောသည်။

” ဒီနေ့တော့ ဦးညီပုကိုစစ်ပါတယ်။ နောက်ရုံးချိန်းကိုတော့ အောက်တိုဘာ ၅ ရက်နေ့ကိုချိန်းဆိုလိုက်ပြီး အပြီးသတ်လျှောက်လဲချက်ပေးရမှာပါဟု” ပြောသည်။

ဝန်ကြီးချုပ် ဦးညီပုသည် စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ပထမဆုံးအကြိမ် ထိန်းသိမ်းခံရပြီး နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည်။ ယင်းနောက် ဖေဖော်ဝါရီလ ၉ ရက်နေ့က Facebook လူမှုကွန်ရက်ပေါ်တွင် “ပြည်သူသို့ပန်ကြားချက်”ခေါင်းစဉ်ဖြင့်စစ်အာဏာရှင်ကိုကန့်ကွတ်ကြောင်းဗွီဒီယိုတင်ခဲ့ သည်အတွက် ထပ်မံဖမ်းဆီးခံခဲ့ရသည်။

ဝန်ကြီးချုပ် ဦးညီပုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ညနေပိုင်းအချိန်က စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ပူပေါင်းကာနေအိမ်အတွင်း လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းခဲ့သည်။

ယင်းနောက်ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စစ်တွေမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်သိန်းက နိုင်ငံတော်အကြည် အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် စစ်တွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဝန်ကြီးချုပ်ဟောင်းဦးညီပုမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ)အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အမှု ၃ ခုကို ရခိုင်ပြည်နယ်တရားလွှတ်တော်တွင်ရင် ဆိုင်နေရသည်။

ဦးညီပုအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင် ပြည်နယ်ဘဏ္ဍရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ကို အဂတိလိုက်စားမှုပုဒ်မဖြင့်စတင်ဘာလ ၂၉ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်။

Western News-WN


ဆက်စပ်စကားလုံများ : #NLD#U Nyi Bu
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်