ရခိုင်စဥ့်အိုးလုပ်ငန်း
test1

ရခိုင်ရှိ မြေအိုးလုပ်ငန်း ရပ်တည်ရန် ခက်ခဲလာ


Western News

ရခိုင်ပြည်နယ်တွင်ရှိသည့် မြေအိုးလုပ်ငန်းများမှာ ဝယ်ယူအသုံးပြုသူနည်းလာသောကြောင့် ရပ်တည်ရန်ခက်ခဲလာသည်ဟု မြေအိုးလုပ်ငန်းလုပ်ကိုင်သူများမှ ပြောသည်။

မြေအိုးလုပ်ငန်းအခြေနေကျဆင်းလာသည်မှာ ၅ နှစ်ကျော်ခန့်ရှိပြီဖြစ်ပြီး ယခုပြည်တွင်းနိုင်ငံရေးနှင့် ကိုဗစ်အခြေ နေများကြောင့်လုပ်ငန်းအခြေနေမှာ ပိုဆိုးဝါးသွားသွားသည်ဟု မြေပုံမြို့နယ်မှ မြေအိုးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်ခင်ပု ကပြောသည်။

“မြေအိုးကတော့ လုပ်သာလုပ်နေရတာပါ အခြေနေကတော့လုံးဝမကောင်းဘူး။ မြေအိုးလုပ်ငန်းက အကျဘက်ကို ရောက်လာတာအခုဆိုရင် ၅ နှစ်ကျော်လောက်ရှိပြီလို့ပြောရမှာပေါ့။ လူတွေအသုံးပြုမှုနည်းလာတယ်။ ပလစ်စတစ်နဲ့ လုပ်တဲ့အရာတွေကို ပိုအသုံးများလာကြတယ်။ တစ်နှစ်လုံးနေလို့တောင် မြေအိုးက ဘယ်လောက်မှ မရောင်းရပါဘူး။ ပြီးတော့ နိုင်ငံရေးအခြေနေတွေကလည်းမကောင်း အဲထဲမှာကိုဗစ်တွေနဲ့ဆိုတော့ သယ်ရယူရတာတွေကအဆင် မပြေတော့ လုပ်ငန်းလည်းပိုကျတာပေါ့” ဟုပြောသည်။

မြေအိုးလုပ်ငန်းများကို စိတ်ဝင်တစားလုပ်ကိုင်သူများလည်းနည်းပါးလာပြီး နောက်ပိုင်းနှစ်ကာလများတွင် မြေအိုးလုပ်ငန်းပျောက်ကွယ်လာနိုင်ခြေရှိကြောင်း သူကဆက်ပြောသည်။

“အခုက ရသေ့တောင် စစ်ကိုင်းဘက်က လှေတွေနဲ့တစ်ခါတစ်လေလာဝယ်တာတွေရှိတယ်။ သူတို့လည်းအမြဲ လာမယူပါဘူး။ ဒီမှာလုပ်တာက သောက်ရေအိုး၊ မြေအင်ဒုံ၊ ပန်းအိုးတွေလုပ်တယ်။ လာဝယ်တဲ့လူတွေက မရှိသ လောက်ပါပဲ။ ဒီလိုပဲလုပ်ပြီး ပုံထားတာပဲ။ မြေအိုးလုပ်ငန်းကိုလည်း အရင်လိုစိတ်ဝင်တစားမရှိကြတော့ဘူး။ ခုဆို မြေအိုးလုပ်တဲ့သူတွေလည်း သိပ်မရှိတော့ဘူး။ အိုးဆရာတွေလည်း အရင်ကထက်နည်းသွားပြီ။ မြေအိုးလုပ်ငန်း က နောက်ဆို အိုးလုပ်ငန်းတွေက လုပ်တဲ့သူနည်းပြီး ပျောက်သွားနိုင်တယ်” ဟုပြောသည်။

မြေအိုးများကိုပြုလုပ်ရာတွင် ကုန်ကြမ်းအနေဖြင့် ရွံ့စေးမြေနှင့် စဥ့်ရောပြီးပြုလုပ်ရခြင်းဖြစ်ရာ ဤလုပ်ငန်းကို ယခင်က ကျယ်ပြန့်စွာလုပ်ကိုင်ခဲ့ကြပြီး ယခုအခါ မြေအိုးအသုံးပြုမှုမှာနည်းပါးလာသည့်အတွက် လုပ်ငန်းလုပ် ကိုင်သူအနည်းအကျဉ်းသာကျန်ရှိပြီး လုပ်ကိုင်နေသူများမှာလည်းဆက်လက်ရပ်တည်ရန်ခက်ခဲသည့် အနေ အထားနှင့် ကြုံနေကြရခြင်းဖြစ်သည်။

မြေပုံမြို့မှ မြေအိုးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်ခင်ပုသည် အဆိုပါမြေအိုးလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်မှာ နှစ် ၃၀ ကျော်ြကာြမင့်နေပြီး ယခင် လုပ်ငန်းခွင့်တွင် အိမ်ထောင်စု ၄၀ နီးပါးခန့် လုပ်ကိုင်ခဲ့သော်လည်း ယခုအခါတွင် မိသားစု အနည်းငယ် ကျန်ရှိတော့သည်ဟုသိရသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်