လုပ်ကြံခံရသော ရခိုင်ဗိုလ်လောင်းများ
test1

AA ကျဆုံး ဗိုလ်လောင်းများ အောက်မေ့ဖွယ် လှုပ်ရှားမှုပြုလုပ်ခဲ့သူ ဦးအစံမောင် တရားသေလွတ်မြောက်


ရက္ခိုင့်တပ်တော် (AA) ဗိုလ်လောင်း ၈ ဦးကျဆုံးခဲ့သည့် ၆ နှစ်ပြည့်ဝမ်းနည်းအောက်မေ့ဖွယ် လှုပ်ရှားမှု ပြုလုပ်ရာတွင် ပါဝင်ခဲ့၍ ဘေးစီမံ ဥပဒေပုဒ်မ ၂၉ ဖြင့် တရားရင်ဆိုင်နေရသည့် ဦးအစံမောင်မှာ အောက်တိုဘာလ ၃၀ ရက်နေ့တွင် တရားသေလွတ်မြောက်လာသည်ဟု ရှေ့နေကပြောသည်။အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေက “ ၁၁/ ၈/၂၀၂၁ ရက်စွဲနဲ့ ထုတ်တဲ့အမိန့်အမှတ် ၁၇၂ နဲ့ အမှုကို ရုတ်သိမ်းတာ။ လွှတ်ပေးလိုက်တာ ”ဟု ဆိုသည်။

ဦးအစံမောင်မှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် စစ်တွေမြို့ BXT အိမ်ရာမြေစီမံကိန်းအတွင်း အဆိုပါလှုပ်ရှားမှုတွင် ပါဝင်မှုဖြင့် နောက်တစ်နေ့ ၂၀ ရက်နေ့တွင် ၄င်းနေအိမ်မှ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ ယင်းနောက်တွင် နိုဝင်ဘာ ၂၁ ရက်နေ့တွင် ဦးအစံမောင်ကို စစ်တွေအမှတ် (၁) တွင် မြို့နယ်အဆင့် တရားဥပဒေ လေးစားလိုက်နာရေးနှင့် တရားစွဲဆိုရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး ဦးအောင်ဇံဝေက ဘေးစီမံ ဥပဒေပုဒ်မ ၂၉ ဖြင့် အမှုဖွင့်ခဲ့သည်။ ဦးအစံမောင်သည် တရားရုံးပြင်ပ၌ အဆိုပါအမှုအား ၁ နှစ်နီးပါးကြာ တရားရင်ဆိုင်ခဲ့ရသည်။ဦးအစံမောင်သည် ရခိုင်ဦးဆောင်ပါတီ (AFP) ပါတီဝင်တစ်ဦးဖြစ်ပြီး နိုဝင်ဘာလ ၁၉ ရက်နေ့ပြုလုပ်ခဲ့သည့် အခမ်းအနားတွင်ပါဝင်ခဲ့ကာ အဆိုပါအခမ်းအနားတွင် ကျဆုံးသူများအား ဂါရဝပြုခြင်း၊ အာရက္ခနိုင်ငံတော်သီ ချင်းကို ပြိုင်တူညီဆိုကာ ဆီမီးထွန်းခြင်းများပြုလုပ်ခဲ့ပြီး လူငယ် ၅၀ ခန့်က ပါဝင်လှုပ်ရှားခဲ့ကြခြင်းဖြစ်သည်။ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် KIA သင်တန်းကျောင်းတွင် မြန်မာစစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် ရက္ခိုင့်တပ်တော် AA ဗိုလ်လောင်း ၈ ဦး TNLA က ဗိုလ်လောင်း ၁၅ ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂၀ ဦးရှိခဲ့သည်။

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်