စစ်တွေမြို့ဘောလုံးကွင်းရပ်ကွက်မှ အုပ်စုဖွဲ့ သူခိုးများအား ရပ်ကွက်နေသူမျာမှး ဝိုင်းဝန်းဖမ်းဆီးခဲ့ပုံ
test1

စစ်တွေမြို့တွင် ခိုးမှု၊ လုယက်မှု များလာ


ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကိုဗစ်ကာလအကျပ်တည်းများကြား၌ ခိုးမှု၊ လုယက်မှုများ ယခင်ထက် များပြားလာလျှက်ရှိကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများကပြောသည်။စစ်တွေမြို့တွင် ရပ်ကွက်အရေအတွက်အားဖြင့် ၃၂ ရပ်ကွက်ရှိပြီး ရပ်ကွက်တိုင်းနီးပါးတွင် ခိုးမှုများဆက်တိုက် ဖြစ်ပွားလျှက်ရှိကြောင်း ဒေသခံများ၏ ပြောစကားအရနှင့် အခိုးခံရသည့်သူများ၏ လူမှူကွန်ရက်ပေါ်များတွင် ရေးသားချက်အရ သိရှိရသည်။

ယခုကဲ့သို့ ခိုးမှု၊ လုယက်မှုတို့များပြားလာခြင်းအပေါ်မြို့နယ်အုပ်ချုပ်ရေးပိုင်းမှလည်း တစ်စုံတစ်ရာလုပ် ဆောင်ရန်ပြောကြားမှုမရှိကြောင်း ခိုးမှုများလာခြင်းမှာ စားဝတ်နေရေးကျပ်တည်းခြင်း ပရယောဂ လည်းပါဝင် ကြောင်း မကျည်းမြိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးပွဲလှအောင် ကပြောသည်။ “ခုတလော အရင်ကထက် ခိုးမှုတွေအရမ်းများလာတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ မြို့နယ်အုပ်ချုပ်မှူးပိုင်းတွေ ကလည်း ဘာမှညွှန်ကြားတာမျိုးမရှိဘူး။ ကျနော်တို့က သူတို့ဆီကလုပ်ဆောင်ရမယ်လို့ပြောလာတဲ့အရာတွေ ပဲလုပ်လို့ရတာလေ။ ဒီလိုခိုးမှုတွေများလာတာတွေကလည်း စားဝတ်နေရေးကျပ်တည်းတာတွေကြောင့်လည်းပါတာပေါ့” ဟုပြောသည်။

ရပ်ကွက်များအတွက် နေ့စဉ်ရက်ဆက် ခိုးမှုများဖြစ်ပွားနေခြင်းကြောင်း ရပ်ကွက်သူ၊ သားများ စုပေါင်းညှိနှိုင်းပြီး စက်တင်ဘာ ၂၉ ရက်က ကင်းစောင့်အိပ်ရာ မသင်္ကာသူ ၂ ဦးဖမ်းဆီးရမိခဲ့ကြောင်း ကျောင်းကြီးလမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းကြည် ကပြောသည်။“ရပ်ကွက်တွေထဲမှာ အခိုးခံရတာတွေများလာတယ်ဆိုတော့ ရပ်ကွက်ကလူတွေစုပြီး ငါတို့ဒီလိုမျိုးစောင့်အိပ်ကြ မယ်ဆိုပြီး စောင့်အိပ်ကြတယ်။ မနေ့ကစလုပ်တာပေါ့။ အဲမှာ သူခိုး ၂ ယောက်ဖမ်းမိတယ်။ ဒီလိုမျိုးလုပ်တာက လည်း လူအင်အားနဲ့ အချိန်ပေးနိုင်ဖို့လိုတာဆို‌တော့ အမြဲတမ်းလုပ်ဖြစ်ဖို့တော့ မသေချာဘူး” ဟုဆိုသည်။မင်းဂံရပ်ကွက်တွင်နေထိုင်သည့် မောင်ထွန်းကျော်ဆိုသူမှာ စက်တင်ဘာလလယ်လောက်၌ နေအိမ်မှနေ၍ ဆိုင်ကယ်နှင့် ဖုန်းအခိုးခံခဲ့ရကြောင်း အနီးနားတွင်လည်းမကြာခဏအခိုးခံရမှုများ ကြားရကြောင်းပြောသည်။“အခိုးခံရတာ ညလယ်လောက်တော့ရှိမယ်။ ဆိုင်ကယ်နဲ့ ဖုန်းပါသွားတယ်။ လိုက်စုံစမ်းကြည့်တော့လည်းမတွေ့ တော့ဘူး။ တစ်ခြားရပ်ကွက်တွေမှာရော ကျနော်တို့အနီးနားမှာရော အခိုးခံရတာတွေကအများကြီးပဲ။ ခဏနေလောက်ဆို ပါသွားပြန်ပြီ။ ခုတလောအဲဒါတွေပဲကြားနေရတယ်” ဟုပြောသည်။

ကုန်တန်းရပ်ကွက်မှ ဆိုင်ကယ်အခိုးခံရသူ ကိုမင်းကျော်ကလည်း ညအချိန်ပင်မဟုတ်ဘဲ နေ့လယ်ပိုင်းတွင်အခိုးခံ ခဲ့ရခြင်းဖြစ်ကြောင်း ပြောသည်။“ကျနော်အလုပ်ကနေပြီး နေ့လယ်အိမ်ကိုထမင်းစာပြန်လာတာ။ ဆိုင်ကယ်ကို အိမ်ရှေ့ရပ်ခဲ့တာ။ ဘယ်လိုယူသွားလဲမသိဘူး။ ကြည့်လိုက်တော့မရှိတော့ဘူး။ ဘလောက်မှမကြာတဲ့အချိန်လေးအတွင်းမှာ အခိုးခံလိုက်ရတာ” ဟုပြောသည်။

အဆိုပါ ခိုးယူမှုပြားလာခြင်းနှင့်ပတ်သက်၍ စစ်တွေမြို့အမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ် ဦးလင်းလင်းထွန်းအား ဆက်သွယ်မေးမြန်းကြည့်ရာ အမှုများကို စခန်းသို့လာတိုင်ကြားမှုမရှိ၍ အမှုပေါင်းမည်မျှရှိသည်ကို မသိရှိ ကြောင်းပြောသည်။“ကျနော်တို့ ဆီကိုလာတိုင်တာတွေသိပ်မရှိဘူးဗျ။ မရှိသလောက်ပဲလို့ပြောလို့ရမယ်။ ဒီလိုမျိုးအမှုလာတိုင်တာ တွေ နည်းတာ ၄၊ ၅ လလောက်တော့ရှိပြီ” ဟုပြောသည်။

ရခိုင်တွင် ကိုဗစ်တတိယလှိုင်းအခြေအနေ၊ နိုင်ငံရေးအခြေနေနှင့် စီးပွားရေးအကျပ်တည်းများကြား၌ ယခုကဲ့သို့ ခိုးယူ၊ လုယက်မှုများပါဖြစ်ပွားလာနေခြင်းကြောင်း ပြည်သူများအနေဖြင့် လုံခြုံရေးပိုင်းတွင်လည်း ထိခိုက်လျှက် ရှိကြသည်။

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်