လက်မောင်းချိုင်းအောက်တွင် ကျည်ဆံဝင်နေသည့် စစ်ဘေးရှောင်တစ်ဦး အရေးပေါ်ခွဲစိတ်ရန်လိုအပ်နေ
test1

လက်မောင်းချိုင်းအောက်တွင် ကျည်ဆံဝင်နေသည့် စစ်ဘေးရှောင်တစ်ဦး အရေးပေါ်ခွဲစိတ်ရန်လိုအပ်နေ


ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတွင်နေထိုင်သူတစ်ဦးမှာ ခန္ဓာကိုယ်အတွင်း၌ရှိ နေသည့် ကျည်ဆံအား ခွဲစိတ်ကူးသနိုင်ရန်အတွက် အရေးပေါ်အကူအညီများလိုအပ်နေသည်ဟုသိရသည်။ ၄င်းမှာ ဆေးကုသမှုမခံရဘဲ ရှိနေသည်မှာ ၃ လနီးပါကြာမြင့်လာနေပြီး ကျည်ဆံမှာညာဖက် လက်မောင်းချိုင်းအောက်တွင် ဝင်နေသဖြင့် ၎င်းနေရာတစ်ဝိုက်မှာ ကိုက်ခဲနာကျင်နေသည်ဟု ကာယကံရှင် ကိုသန်းထွန်းမောင်ကဆိုသည်။“ အိပ်ရင်လည်း ဘယ်ဖက်ကိုစောင်းလို့အိပ်ရတယ်။ တစ်ခါတစ်လေဆိုရင် ကျည်ဆံရှိနေတဲ့နေရာက အရမ်းကို ကိုက်ခဲလာတယ်။ ဘယ်လိုမှ မခံစားနိုင်ဘူး။ အခုတော့ ဆေးသောက်နေရတယ်။ အချုပ်ကျနေစဥ်ကဆိုရင် တစ်ပတ်မှာ တစ်ကြိမ်ဆေးကုသခွင့်ရခဲ့တယ်။ ဒါပေမဲ့ ကိုဗစ်ကာလရောက်တော့ ကုသခွင့်လုံးဝမရတော့ဘူး။ အခုလွတ်လာတော့လည်း ငွေကမရှိတော့ ဘာမှမလုပ်နိုင်ဘူး”ဟု ပြောသည်။ခန္ဓာကိုယ်အတွင်းရှိနေကျည်ဆံရှိနေသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာနေသော်လည်း ခွဲစိတ်ကုသမှု လုပ်ပေးနိုင်ရန် မိသားစုမှာငွေကြေးမတတ်နိုင်ကြောင်း၊ ၎င်းဒဏ်ရာကိုခွဲစိတ်ကုသမှုလုပ်မှသာ အသက်အန္တရာယ်မှ ကင်းလွတ်နိုင်မည်ဖြစ်သည်ဟု ဆရာဝန်မှပြောဆိုခဲ့ကြောင်း ဖခင်ဖြစ်သူ ဦးမဲတုတ်ချေက ပြောသည်။“ ကျွန်တော်တို့မိသားစုက စစ်ဘေးရှောင်စခန်းမှာနေကြတာ။ ထမင်းတနပ်ကိုတောင် အလှူရှင်တွေကပေးမှစား နေရတာ။ ရွာကထွက်ပြေးလာကတည်းက ဘာတစ်ခုမှ ပါလာတာမဟုတ်ဘူး။ ခွဲစိတ်ဖို့ဆိုရင်တော့ သိန်း၂၀ လောက်ကုန်မယ်လို့ ဆရာဝန်တွေကပြောတယ်။ အသက်အန္တရာယ်ရှိတယ်လို့လည်း ပြောတယ်။ အခုတော့ ဆေးသောက်နေရတယ်”ဟု ဆိုသည်။

လက်မောင်းချိုင်းအောက်တွင် ကျည်ဆံဝင်နေသည့် စစ်ဘေးရှောင်တစ်ဦး အရေးပေါ်ခွဲစိတ်ရန်လိုအပ်နေ

ကိုသန်းထွန်းမောင်မှာ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၀ ရက်နေ့တွင် ကျေးရွာသား ၄ ဦးနှင့်အတူ စက်လှေဖြင့် ကျောက်တော်မြို့သို့ထွက်ပြေးလာစဥ် စစ်ကြောင်းတစ်ခု၏ ပစ်ခတ်မှုကိုခံခဲ့ရသဖြင့် ကျည်ဆံထိမှန်ခဲ့ခြင်းဖြစ်သည်။ယင်းနောက် ကိုသန်းထွန်းမောင် အပါအဝင် မာလာကျေးရွာမှ ဖခင်ဖြစ်သူ ဦးမဲတုတ်ချေ၊ ဦးမြတ်‌ကျော်၊ မောင်စံသိန်းနှင့် ဒေါ်မချေတို့ကို စစ်တပ်ကဖမ်းဆီးပြီး အကြးဖက်ပုဒ်မတို့ဖြင့် တရားစွဲခံရကာ မြောက်ဦးခရိုင်အချုပ်တွင် ၉ လကြာတရားရင်ဆိုင်ခဲ့ရသည်။ ၎င်းတို့ ၅ ဦးမှာ ယခုနှစ် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် တစ်ခြား ၁၁ ဦးနှင့် အတူ မြောက်ဦးခရိုင်တရားရုံးမှ ပြန်လည်လွတ်မြောက်လာခဲ့သည်။


ဆက်စပ်စကားလုံများ : #ကိုဗစ်#စစ်ဘေး#မြန်မာ့စစ်တပ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်