ဦးသန်းထွန်း
test1

ရုတ်တရက်သွေးတိုးလာ၍ ပြည်နယ်ကောင်စီမှ ဦးသန်းထွန်းကို စစ်တပ်ပိုင်ရဟတ်ယာဉ်ဖြင့် အရေးပေါ် ပို့ဆောင်


ရခိုင်ပြည်နယ် စစ်ကောင်စီမှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းသည် ယနေ့ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက ကျောက်တော်အောက်ဆီဂျင်စက်ရုံဖွင့်ပွဲသို့သွားစဉ် ရုတ်တရက်သွေးတိုးလာ၍ စစ်တပ်ပိုင်ရဟတ်ယာဥ်ဖြင့် စစ်တွေသို့အရေးပေါ်ပို့ဆောင်လိုက်ရကြောင်းသိရသည်။ဦးသန်းထွန်းမှာ ရုတ်တရက်သွေးတိုးလာ၍ ကျောက်တော်ဆေးရုံတွင် ဆေးကုသမှုခံခဲ့ရပြီး စိုးရိမ်ရအခြေအနေ ဖြစ်သောကြောင့် ယနေ့ ညနေ ၄ နာရီခွဲအချိန်က ကျောက်တော်မြို့ စကခ ၉ မှ စစ်တပ်ပိုင်ရဟတ်ယာဉ်ဖြင့် စစ်တွေသို့ အရေးပေါ်ပို့ဆောင်လိုက်သည်ဟု ကျောက်တော်မြို့ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းမှ ကိုညီပုက Western News ကို ပြောသည်။“ကျောက်တော်ဆေးရုံမှာ ၃ နာရီလောက် ဆေးကုသမှုခံယူပြီးတော့ စကခ ၉ ကို ကျနော်တို့ ပို့ဆောင်ပေးလိုက်ပါတယ်။ စစ်တပ်ပိုင်ရဟတ်ယာဥ်နဲ့ ယူမယ်လို့ပြောတယ်။ ဆရာဝန်ကတော့ စိုးရိမ်ရအခြေအနေလို့ပြောတယ်”ဟုပြောသည်။အဆိုပါကိစ္စနှင့်ပတ်သတ်၍ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။


ဆက်စပ်စကားလုံများ : #ဦးသန်းထွန်း
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်