test1

စစ်တွေမြို့သို့ ဒုက္ခသည် ၉၀ ကျော်ထပ်မံရောက်


Western News- သြဂုတ် ၁၀ ရက်

ချင်းပြည်နယ် ပလက်ဝင်မြို့နယ်အပါအဝင် ရခိုင်ပြည်နယ်မြို့နယ် သုံးခုမှ သြဂုတ်လ ၉ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ဘေးရှောင် ဒုက္ခသည် ၉၀ ကျော် စစ်တွေမြို့ပေါ်သို့ ခိုလှုံဖို့ရောက်ရှိလာကြသည်။

၄င်းတို့သည်ချင်းပြည်နယ် ပလက်ဝမြို့နယ်နှမဒါ၊ ကြက်ယက်ကိုင်းနှင့် ကျောက်တော်မြို့နယ်၊ ပြိုင်းတန်း၊ ကွမ်းစည်၊ ရသေ့တောင် မြို့နယ် ထီးစွဲကျေးရွာတို့မှဖြစ်ကြပြီး အိမ်ထောင်စု ၂၆ စု၊ လူဦးရေ ၉၀ သည် စစ်တွေမြို့ ငစိုင်းရိုင်းချောင်းဘုန်းတော်ကြီး ကျောင်းတိုက်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ယခုထွက်ပြေးလာကြသောစစ်ဘေးရှောင်းဒုက္ခသည်များသည် ၄င်းတို့နေထိုင်ရာကျေးရွာများတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် အေအေတို့ တိုက်ပွဲများကြောင့် နီးစပ်ရာကျေးရွာများနှင့် ဆွေးမျိုးမိတ်ဆွေနေအိမ်များတွင်နေထိုင်ခဲ့ကြသူများဖြစ်ပြီး နေရေးထိုင်ရေး အကျပ်အတည်းများနှင့် ရင်ဆိုင်လာနေရသောကြောင့်ယခုကဲ့သို့ စစ်တွေမြို့ပေါ်သို့ တိမ်းရှောင်လာခြင်းဖြစ်သည်ဟု ဒုက္ခသည်များမှ  Western News သတင်းဌာနသို့ပြောသည်။

“ကျေးရွာအနီးအနားတွေမှာတိုက်ပွဲဖြစ်ကြတယ်။ တပ်မတော်ဖက်ကလက်နက်ကြီးတွေလှမ်းပစ်တယ်။ ကျနော်တို့ထွက်ပြေးလားကြ တာတော့ကြာပြီ၊ ဆွေမျိုးတွေနေအိမ်မှာနေလိုက်၊ ရွာကိုခဏလေးသွားလိုက်၊ အဆင်မပြေ ပြန်ပြေးလိုက်၊ တော်တော်ဒုက္ခရောက်ကြ တယ်။ ကလေးတွေတစ်ဖက်နဲ့၊ အလုပ်ကမရှိ၊ ကလေးတွေကိုကျောင်းလည်းမထားရဘူး။ မြို့ပေါ်ပြေးကြမယ်ဆိုပြီးတော့လာကြတာပါ” ဟု ဒုက္ခသည်ကိုမျိုးဆန်းလွင်မှပြောသည်။

ယခုထွက်ပြေးလာကြသော ဒုက္ခသည်းများအတွက်ရေရှည်နေထိုင်ရန်အတွက်ဆိုပါက ကျောင်းဝန်းအတွင်ရှိသော နေရာများနှင့် လုံးလောက်မှုမရှိဘဲ လိုင်းခန်းများထပ်မံဆောက်ရန်လိုနေသည်အပြင် စားနပ်ရိက္ခာများလည်း ယခုထက် ပိုမိုလိုအပ်ချက်များရှိလာ လိမ်မည့်ဟု ရခိုင့်အလင်းတံခါအဖွဲ့မှ Western News သို့ပြောသည်။

ရခိုင့်အလင်းတံခါအဖွဲ့မှ အတွင်းရေးမှူးဒေါ်ဖြူဖြူသန်းက”အိမ်ထောင်စုပေါင်း ၂၆ စုရယ်၊ လူဦးရေ ၉၀ ကျော်တွေထွက်ပြေးလာတာ။ အဲ့ဒီထဲမှာနှမဒါကျေးရွာရောက်နေတာတော့  ၂ နှစ်ပတ်လောက်ရှိပြီ၊ ကျန်တာကတော့ မနေ့ထွက်ပြေးလာကြတာပေါ့။ အခုက နေတာ ကတော့ ဖြစ်သလိုစီစဉ်ထားကြတယ်။ စားဖို့ဟာအဆင်မပြေဘူး။ ဆန်နှစ်အိတ်ပဲရှိတယ်။ အဲ့ဒါနဲ့ စားသောက်နေရတယ်။ စစ်တွေမြို့က ထွေအုပ်ကိုတော့ ကျမတို့အကြောင်းကြားပါတယ်။ ပြီးတော့ လူမှုအဖွဲ့အစည်းတွေကိုတော့အကြောင်းကြားထားပါတယ်။

ပြီးခဲ့သောဇွန်လ ၂၃ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်တွင်တပ်မတော်မှ စစ်ဆင်ရေးနယ်မြေရှင်းလင်းမှုလုပ်ဆောင်မည်ဟုကြေညာ ခဲ့ပြီးနောက်ပိုင်း ရသေ့တောင်ကျောက်တန်းတိုက်နေတစ်လုံးမှ ဒေသခံကျေးရွာသားမျာ စစ်တွေမြို့ပေါ်နှင့် ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့ပေါ်သို့ သောင်းနှင့်ချီထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။

ပှီးခဲ့သော ၂၀၁၈ ခုနှဈဒီဇငဘြာလဆနပြိုငြးစတငတြပမြတောရြကျခိုင့တြပတြောအြအတေေို့ တိုကပြှဲမွားေှ့ာင့ြ ရခိုငပြှညနြယအြတှငြးတှငြ စဈဘေးရှောငဒြုကျခသညြ (၂၀၀၀၀၀) နှဈပါးအထိရှိလာနပှေီးဟု ရခိုငတြိုငြးရငြးသားမွိုးနှယစြားမွားအစညြးအရုံ (REC ) မှ ထုတပြှနြ ထားသညြ။

Western News Agency


ဆက်စပ်စကားလုံများ : #စစ်ဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်