test1

တပ်မတော်မှ အရာခံဗိုလ်နှင့် တပ်သား ၃ ဦးအပါအဝင် တောင်ကုတ်မြို့နယ်မှ NLD ပါတီဝင် ၃ ဦးအား AA မှ ယနေ့လွှတ်ပေးမည်


Western News
ဇန်နဝါရီ ၁ ရက်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးအပါအဝင် တပ်မတော်မှ အရာခံဗိုလ်နှင့် တပ်သား ၃ ဦးကို ယနေ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက် နေ့လည်းပိုင်းလွှတ် ပေးမည်ဖြစ်ကြောင်း ခိုင်မာသောသတင်းအရင်းမြစ်ကပြောသည်။

၎င်းတို့သုံးဦးမှာ တောင်ကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်ကြသည့် ဦးမင်းအောင်၊ ဒေါ်နီနီမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ကို ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မီးကျောင်းတက်ကျေးရွာမှာယနေ့ နေ့လည်း ၂ နာရီမှာ လွဲပြောင်းပေးသွားမည်ဖြစ်သည်ဟုဆိုသည်။

ရက္ခိုင့်တပ်တော် AA ၏ လွှဲပြောင်းရေးအဖွဲ့များမှတစ်ဆင့် တပ်မတော်၏ ဗိုလ်မှူးချုပ်စိုးတင့်ဦးဆောင်သော လက်ခံရေးအဖွဲ့ဆီကိုကောင်းကောင်းမွန်မွန်လွှဲပြောင်းသွားမည်ဟု သတင်းအရင်းဖြစ်သူကဆိုသည်။

လွဲပြောင်းမည့်အထဲတွင် တပ်မတော်သားသုံ့ပန်းများဖြစ်ကြသည့် ကိုယ်ပိုင်အမှတ် ၆၉၂၁၈၇ အရာခံဗိုလ် ဦးမြင့်အောင်၊ ကိုယ်ပိုင်မှတ် ၄၀၄ ၈၉၄ တပ်သားနန်းဝင်းမောင်၊ ကိုယ်ပိုင်အမှတ်၄၈၁၅၀၈ တပ်သားဝေလင်းအောင်တို့ဖြစ်ကြပြီး အဆိုပါသုံးဦးမှာ တပ်မ ၇၇ ၏ လက် အောက်ခံ ခမရ ၃၁၃ တပ်ရင်းမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့ ပလက်ဝမြို့နယ် ပုန်းညင်းဝကျေးရွာအနီးတိုက်ပွဲ တွင်ဖမ်းဆီးရရှိခဲ့သည်ဟုသိရသည်။

တောင်ကုတ်မြို့နယ်မှ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးပြီးခဲ့သည့်၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် တောင်ကုတ်မြို့နှင့် ၁၅ မိုင်ခန့်ဝေးကွာသည့် ဖောင်းခါးကျေးရွာသို့ မဲဆွယ်ရန်သွားရောက်ခဲ့စဉ် ရက္ခိုင့်တပ်တော်က AA က ဖမ်းဆီးသွား ခြင်းဖြစ်သည်။

Western News- WN


ဆက်စပ်စကားလုံများ : #NLD#ရက္ခိုင့်တပ်တော်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်